ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မွန်လွှတ်တော်က ရဲတပ်သားကို စစ်မှုထမ်းစုဆောင်းရေးအဖွဲ့ဝင်များက ဖမ်းဆီးပြီး လှေလုပ်သားအဖြစ် ရောင်းစား

Dawei Watch

June 22, 2026

လွှတ်တော်လုံခြုံရေးတာဝန်ကျ ရဲတပ်သားဇော်ဝင်းထွန်းသည် မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်း ထိုင်နေစဉ် ရိုက်နှက်ဖမ်းဆီးခံရကြောင်း ဆိုသည်။

ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံး

Dawei Watch

June 19, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောင့်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။ ယမန်နေ့ ဇွန်လ ၁၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချောင်းစောင့်ကျေးရွာထဲကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ရွာထဲရှိ စျေးဆိုင်တစ်ဆိုင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲရာတွင် စျေးဆိုင်ပိုင်ရှင် ဇနီးမောင်နှံအပြင် စျေးဝယ်သူအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။ လေကြောင်းတိုက်ခိုက်ချိန် အဆိုပါဈေးဆိုင်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ခေတ္တရောက်ရှိနေချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း အဲဒီဆိုင်မှာ ရောက်ရှိနေတယ်။ အဲဒီချိန်မှာ ဗုံးလာကြဲချသွားတယ်။ ဆိုင်ရှင်လည်း ထိတယ်။ ဈေးလာဝယ်တဲ့လူတွေလည်း […]

စစ်ဘေးရှောင်များအတွက် ဂျပန်အကူအညီဖြင့် ဆောက်ထားသည့်အိမ်ရာ စစ်အာဏာရှင်တပ်ဗုံးကြဲ

Dawei Watch

June 18, 2026

မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ စစ်ဘေးရှောင်များနေထိုင်သည့် နေရာကို စစ်အာဏာရှင်တပ်က ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ဗုံးကြဲခံရသည့်နေရာသည် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဂျပန်အစိုးရအကူအညီဖြင့် ၂၀၁၃ ခုနှစ်တွင် အိမ်ရာ တည်ဆောက်ပေးထားသည့် နေရာဖြစ်သည်။ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင်ရှိသည့် အဆိုပါအိမ်ရာတွင် အိမ်ခြေ ၇၀ ကျော်ရှိသည်။ စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “အိမ်တွေကတော့ အားလုံးနီးပါး ထိခိုက်ပျက်သွားတယ်။ လူတွေ ထိတာတော့ မရှိဘူးလို့ ကနဦး သိရတယ်။ အဲဒီနေရာက ဒုက္ခသည်တွေ နေတဲ့နေရာဖြစ်တယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ရေးချောင်းဖျားဒေသဘက်တွင် စစ်ရေးအခြေအနေ မတည်ငြိမ်မှုကြောင့် […]

မွန်တွင် လောင်းကစားဝိုင်းကို ဂိုဏ်းသဖွယ်ပေါ်ထင်လုပ်၊ လူတစ်စုက အကောက်ငွေယူဟု လွှတ်တော်တွင် ပြော

Dawei Watch

June 17, 2026

မွန်ပြည်နယ်တွင် လောင်းကစားဝိုင်းများသည် ခိုးကြောင်ခိုးဝှက် လုပ်နေခြင်းမဟုတ်ပဲ တရားဝင်လိုင်စင် ရထားသကဲ့သို့ အတင့်ရဲစွာ လုပ်ဆောင်လာကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က ပြောသည်။ တရားဝင် ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများကို တားဆီးပိတ်ပင်ပေးရန် ကျိုက်မရောမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်က မွန်လွှတ်တော်အစည်းအဝေး တွင် ဇွန်လ ၁၆ရက်က အဆိုတင်သွင်းစဉ် ထည့်သွင်း ပြောဆိုခဲ့သည်။ “ပြည်နယ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင်ပင် အကြောင်းအမျိုးမျိုးပြ ပွဲလမ်းသဘင်များ ခင်းကျင်းပြီး လောင်းကစားဝိုင်းများကို ထည့်သွင်းကျင်းပ၍ လူတစ်စုတို့က အခကြေးငွေ(အကောက်ငွေ) ယူပြီး လုပ်ဆောင်နေသည်” ဟု ဦးသန့်ဇော်က ပြောသည်။ မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများ၊ လမ်းမပေါ်များတွင် လောင်းကစားဝိုင်းများကို ပွဲတော်သဖွယ် ကျင်းပပြုလုပ် နေခြင်းသည် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသကဲ့သို့ ပြည်သူ့ဘဝ လုံခြုံရေးကိုလည်း […]

ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် ၁၀၀၀ ကျော် အကူအညီလို

Dawei Watch

June 16, 2026

နေစရာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီတွေ လိုအပ်နေတာပါ။

ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် တစ်ထောင်ကျော် အကူအညီလို

Dawei Watch

June 15, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသက စစ်ဘေးရှောင် ထွက်ပြေးနေရသူ ၁၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ရေးချောင်းဖျားဒေသတွင် စစ်အာဏာရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ဝေဟင် ကင်းထောက်မှုလည်း ပြုလုပ်နေသည့်အတွက် ဒေသခံများ လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်။ ရေးချောင်းဖျားဒေသခံ အများစုသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ချဲတိုက်ဒေသသို့ ပြောင်းရွှေ့ကြပြီး အချို့ကလည်း နီးစပ်ရာ မိတ်ဆွေ ဆွေမျိုးရှိရာသို့ ပြောင်းရွှေ့ကြသည်လည်း ရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ နေစရာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ် ထောက်ပံ့မှု အကူအညီများ လိုအပ်လျက်ရှိသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီ ချဲတိုက်ဒေသဘက် ထွက်ပြေး တိမ်းရှောင်လာသူ ၇၀၀ […]

အတွဲလိုက် ဆောင်းဘောက်စ်များကို အရေးယူမည်ဟု မွန်ပြည်နယ်စစ်အစိုးရဆို

Dawei Watch

June 14, 2026

မွန်ပြည်နယ်အတွင်း တစ်စတစ်စ ကျယ်ပြန့်လာသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် အရေးယူသွားမည်ဟု ပြည်နယ် စစ်အစိုးရက ဆိုသည်။ အများပြည်သူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာ အရေးယူပေးရန် ဇွန်လ ၉ ရက်နေ့က ကျင်းပသည့် စစ်အုပ်စု၏ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုကို ဇွန်လ ၁၂ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် လေးဦးနှင့် လွှတ်တော် ဥက္ကဋ္ဌတို့က ထောက်ခံ၊ အကြံပြု ဆွေးနွေးခဲ့ကြပြီးနောက် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ “အသံချဲ့စက်ကိစ္စက ပြီးခဲ့တဲ့ လွှတ်တော်တွေမှာလည်း ဆွေးနွေးကြတာရှိတယ်။ ဒါပေမဲ့ […]

ရေးမြောက်ပိုင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေ

Dawei Watch

June 11, 2026

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်းဘက်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်း ပြန်ထိုးနေသည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ အင်အား ၁၅၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇွန် ၈ ရက်နေ့ နံနက်ပိုင်းမှစပြီး ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ မော့ကနင်၊ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်၊ သပြေကျေးရွာဘက်သို့ လူစုခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ “စစ်ကြောင်းဝင်ရင် တိုက်ပွဲက ဖြစ်နိုင်တယ်လေ။ တစ်ဖက်မှာက လက်နက်ကိုင်အဖွဲ့တွေ ရှိနေတယ်။ တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲမှာလည်း ကြောက်ရ။ စစ်ကြောင်းနဲ့ တွေ့လို့ ဖမ်းခံရမှာလည်း […]