မုဒုံ၊ ကမာဝက်မြို့ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
May 27, 2026မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ဂုံညှင်းတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်း ကို မေလ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် သေနတ်သမားနှစ်ဦးက နေအိမ်သို့ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရင်ဘတ်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ကမာဝက် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ဦးကျော်မင်းသည် ကမာဝက်မြို့တစ်ဝိုက်တွင် သေနတ်ကိုင်ဆောင် သွားလာလေ့ရှိကာ လမ်းတွင်လည်း ကား၊ ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးကာ ခြိမ်းခြောက် ငွေကြေးတောင်းခံလေ့ ရှိသူဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။ ၎င်းကို […]


