ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ရေးဘီလူးအဖွဲ့ တပ်စခန်း ဗုံးကြဲခံရပြီး ထိခိုက်မှုများ

May 27, 2026

ဓာတ်ပုံ - ရေးဘီလူးတပ်ဖွဲ့။

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့၏ စခန်းကို စစ်အာဏာရှင်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယနေ့ မေလ ၂၇ ရက် နံနက် ၁နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ ၁၂ဦးနှင့် ဒဏ်ရာရသူ ၂၀ ကျော်ရှိကြောင်း မွန်ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညအိပ်ချိန်တွင် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုများကြောင်း ၎င်းက ဆိုသည်။

ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ဖြစ်သူမှာ ခရီးလွန်နေသဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ရေးဘီလူးတပ်ဖွဲ့ဘက်က ယနေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။