ရေး စကခ ၁၉ က တပ်သား ၄ ဦး ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးလာ
Dawei Watch
May 14, 2026မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ တပ်သား ၄ ဦး ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးဝင်ရောက်လာကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် ရေးဘီလူးအဖွဲ့နှင့် ဆက်သွယ်ပြီး မေလ ၁၃ ရက်နေ့က ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရေးဘီလူးအဖွဲ့ထံ ထွက်ပြေး ရောက်လာသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် မောင်ပြည့်ဖြိုးမောင်ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၅၀၊ မောင်မင်းထက်၊ ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၄၊မောင်အေးမင်းလှိုင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၁၊ မောင်အားဂျင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၄၄တို့ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းစစ်မှုထမ်းတပ်သား ၄ ဦးသည် သံဖြူဇရပ်မြို့၊ […]


