မွန်တွင် အကျဉ်းသား ၉၀ကျော် ပြန်လွတ်၊ နိုင်ကျဉ်းမပါ
Dawei Watch
April 30, 2026မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကုန်ထုတ်စခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၉၂ ဦးကို လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ယနေ့ ဧပြီလ ၃၀ ရက်တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၁၅၀၈ ဦးကို စစ်အစိုးရက လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မွန်တွင် ကျိုက်မရောဗဟိုအကျဉ်းထောင်က အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦး၊ မော်လမြိုင် အကျဉ်းထောင်က အမျိုးသား ၁၇ ဦး၊ အမျိုသမီး ၆ ဦး၊ သထုံအကျဉ်းထောင်က အမျိုးသား ၈ ဦး […]


