ရွေးကောက်ပွဲ နီးလာသဖြင့် မွန်ပြည်နယ်တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှု ပိုများလာ
Dawei Watch
October 22, 2025စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်အနှံ့ လုံခြုံရေးတင်းကျပ်လာသည့်အပြင် စစ်ဆေးမှုလည်း ပိုမိုများပြားလာသည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်အာဏာရှင်က ပြီးခဲ့သည့် စက်တင်ဘာလကတည်းက မြို့အဝင်အထွက်၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးမှု တင်းကျပ်လာသည့်အပြင် ကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ တိုးချဲ့ထားပြီး လုံခြုံရေးအင်အားတိုးချထားကာ လမ်းသွား လမ်းလာများကို စစ်ဆေးနေသည်ဟု ဆိုသည်။ “အခုနောက်ပိုင်း စစ်ဆေးမှုတွေက တအားကို တင်းကျပ်လာတယ်။ ဂိတ်တွေလည်း များလာတယ်။ ဂိတ်တွေမှာလည်း သူတို့လူတွေ အများကြီး ချထားတာတွေ့ရတယ်။ ရွေးကောက်ပွဲနီးလာလို့ဖြစ်မယ် ထင်တယ်။ လုံခြုံရေးတွေက ပိုကျပ်လာတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ၎င်းပြင် တော်လှန်ရေးအားကောင်းပြီး စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်းဘက်သို့လည်း အင်အားအလုံးအရင်းဖြင့် စစ်အာဏာရှင်တပ် စစ်ကြောင်းများ ဝင်ရောက်နေရာယူလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။ ရွေးကောက်ပွဲ […]


