ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မွန် စက်သုံးဆီပြင်ပစျေးကွက်တွင် တစ်လီတာ ကျပ်နှစ်သောင်းအထိ ပေးဝယ်ရ

Dawei Watch

March 24, 2026

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှုကန့်သတ်လိုက်ပြီးနောက် ပြင်ပမှောင်ခိုစျေးကွက် တွင်ကျယ်လာပြီး လက်ရှိတွင် ဆီတစ်လီတာလျှင် ကျပ် ၁၅၀၀၀နှင့် ၂၀၀၀၀ ကြားအထိ ရောင်းဝယ်နေကြကြောင်း သုံးစွဲသူများထံမှ သိရသည်။ စက်သုံးဆီ ပြတ်လပ်ပြီး ဝယ်ယူရ ခက်ခဲလာသဖြင့် သုံးစွဲသူများသည် ပြင်ပ‌မှောင်ခိုစျေးကွက်ကို ပိုမိုအာကိုးလာရကြောင်း ၎င်းတို့က ပြောသည်။ အရောင်းဆိုင်အချို့ကလည်း စျေးပိုရသည့် မှောင်ခို‌စျေးကွက်ကို ရောင်းချပေးနေသည့်အတွက် ဆိုင်တွင် ဆီပြတ်လပ်ပြီး တန်းစီစောင့်ဆိုင်းသူများ ဝယ်မရဘဲ ဖြစ်နေကြောင်း သုံးစွဲသူ ဒေသခံများက ဆိုသည်။ “တချို့ဆိုင်တွေကလည်း ပေါက်‌စျေးနဲ့ အပြ ရောင်းချပေးပြီးတော့ တစ်ဘက်မှာ ‌စျေးပိုရတဲ့ မှောင်ခိုနဲ့ ရောင်းနေတာလည်း ရှိနေတယ်။ နောက်တစ်ခုက တန်းစီဝယ်တဲ့နေရာမှာလည်း လုပ်စားတဲ့လူတွေ ရှိတယ်။ အလုပ်အပျက်ခံ၊ အချိန်အကုန်ခံပြီး တန်းစီပြီးရင် မှောင်ခိုစျေးနဲ့ ပြန်ရောင်းတယ်” ဟု မော်လမြိုင် […]

ရေးမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ပြင်းထန်

Dawei Watch

March 23, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာနှင့် လိမ္မော်ခြံကျေးရွာအနီးတစ်ဝိုက်တွင် မတ်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မတ်လ ၂၃ ရက်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ရေးမြောက်ပိုင်းဘက်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “ဒီရက်ပိုင်း သေနတ်သံတွေ ပြန်ကြားနေရတယ် နေ့တိုင်းပဲ။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဖြစ်မှာပဲ၊ ဒီနေရာတွေက တော်လှန်ရေးအဖွဲ့တွေ ရှိတယ်လေ။ စစ်ကြောင်းပြန်ထွက်ရင်တော့ ပြန်ငြိမ်သွားမယ်။ စစ်ကြောင်း ဆက်ရှိနေရင် ဆက်ဖြစ်နေမှာပဲ” ဟု ရေးမြောက်ပိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကြီး၊ […]

မွန်တွင် စက်သုံးဆီအခက်အခဲကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နား

Dawei Watch

March 21, 2026

စက်သုံးဆီဝယ်ယူရန် ခက်ခဲနေသည့်အတွက် မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်အချို့ ရပ်နားမှုများ ရှိလာကြောင်း ယာဉ်လိုင်းပြေးဆွဲနေသူများထံမှ သိရသည်။ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည့်အပြင် ဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်၍ အရောင်းပိတ်ထားခြင်းကြောင့် မော်တော်ယာဉ်အများစု ရပ်နားထားကြရပြီး၊ အချို့မှာလည်း တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့်သာ ပြောင်းလဲပြေးဆွဲနေရကြောင်း သိရသည်။ “ဆီက သူတို့ကန့်သတ်ထားတဲ့ ပမာဏအတိုင်းတောင် ဝယ်လို့မရဘူး အခုက။ တချို့ဆီဆိုင်ဆိုရင် ဆီမရှိလို့ ပိတ်ထားကြတယ်။ ရတဲ့ဆိုင်မှာလည်း ဥပမာ တစ်သိန်းဖိုး ဝယ်လို့ရတယ်ဆိုပေမဲ့ ဆီမရှိတော့ ငါးသောင်းဖိုးပဲ ရတာမျိုး။ ဆိုတော့ ဆီရဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ စုံ၊ မ ခွဲတာကလည်း မရှင်းဘူး။ ကားဆွဲဖို့က ဘယ်လိုမှ အဆင်မပြေတော့ နားထားလိုက်တယ်။ အများစုလည်း အဆင်မပြေကြတော့ နားကြရတာပေါ့” ဟု သံဖြူဇရပ်-ရန်ကုန် […]

မွန်တွင် စက်သုံးဆီ ဝယ်မရသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံ

Dawei Watch

March 19, 2026

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ စက်သုံးဆီ ဝယ်မရသည့်အတွက် စိုက်ခင်းထဲ ရေတင်ရန်၊ နွေစပါးရိတ်သိမ်းရန်နှင့် နွေစိုက်ခင်း ထွန်ယက်စိုက်ပျိုးရန် အခက်ကြုံရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ “ဆီ ဝယ်မရရင် ဘာမှလုပ်လို့ မရဘူး။ အခုက စျေးကြီးပေးဝယ်ရင်တောင် မရတဲ့အခြေအနေဖြစ်နေတယ်။ ရရင်လည်း နည်းနည်းပါးပါးပဲ ရတယ်။ နွေစိုက်ပျိုးရေးလုပ်တဲ့သူတွေအတွက်က အခက်အခဲဖြစ်တယ်။ စိုက်ခင်းထဲ ရေတင် ရေသွင်း‌ မလုပ်နိုင်ရင် သွားပြီ” ဟု နွေးစပါးစိုက် တောင်သူတစ်ဦးက ပြောဆိုသည်။ လယ်သမားများအတွက် ဆီဝယ်ယူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း လယ်သမားများထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲနေပြီး […]

ဘီးလင်းတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

Dawei Watch

March 18, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြင်သာကျေးရွာတွင် အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၅ရက် နံနက်ပိုင်းက ပြင်သာကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးသည် တဲဆောက်လုပ်ရန်အတွက် မြေရှင်းလင်း နေစဉ် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသားနှစ်ဦးသည် ရွှေတူးဖော်ရေး အလုပ်သမားများဖြစ်ကြပြီး အသက် ၂၀ ကျော် အရွယ်များကြကြော်း ဒေသခံများက ဆိုသည်။ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးစလုံးသည် ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့က ပြောဆို သည်။ “မိုင်းနင်းမိတဲ့ နှစ်ယောက်က ရွှေတွင်းလုပ်သားတွေ ဖြစ်ကြတယ်။ အခု မိုင်းနင်းမိတဲ့နေရာက စစ်ကြောင်းတွေလည်း ရောက်တယ်။ […]

မွန်တွင် စက်သုံးဆီ ပြင်ပေးစျေး တစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်ရ

Dawei Watch

March 13, 2026

မွန်ပြည်နယ်တွင် စက်သုံးဆီ ဝယ်ယူသုံးစွဲမှု ကန့်သတ်လိုက်ပြီးနောက် ပြင်ပစျေးကွက်တွင် ဆီတစ်လီတာ ကျပ်ရှစ်ထောင်ကျော်အထိ ပေးဝယ်နေရကြောင်း သုံးစွဲသူများထံမှ သိရသည်။ မွန်တွင် မတ်လ ၇ရက်ကစပြီး ယာဉ်များကို စုံ၊ မ စနစ်ဖြင့် စက်သုံးဆီရောင်းချရန် စစ်ကော်မရှင်က ကန့်သတ်ခဲ့ကြောင်း သုံးစွဲသူ ဒေသခံများက ပြောသည်။ ယင်းအပြင် ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ အိုးဝေ/သုံးဘီးတစ်စီး တစ်သောင်းကျပ်၊ အိမ်စီးကား သုံးသောင်းကျပ်၊ ခရီးသည်တင်ယာဉ် တစ်သိန်းကျပ်၊ ပရီမီယံ ဒီဇယ် ကားနံပါတ်အနီ လေးသောင်းကျပ်၊ ကားနံပါတ်အနက် သုံးသောင်းကျပ်ဖိုးသာ ရောင်းချရန်လည်း ကန့်သတ်ထားကြောင်း ၎င်းတို့က ဆိုသည်။ စက်သုံးဆီ လိုသလောက် ဝယ်မရခြင်း၊ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူရခြင်း၊ ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ပြီး အရောင်းပိတ်ထားခြင်း စသည်တို့ကြောင့် သုံးစွဲသူများသည် ပြင်ပ‌စျေးကွက်ကို အားထားလာရကြောင်း သုံးစွဲသူ […]

မွန်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်ရှိ

Dawei Watch

March 12, 2026

မွန်ပြည်နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူတစ်သောင်း ကျော်ရှိပြီး ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖြေဆိုသူ တစ်ထောင်ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးဌာနမှ၏ အချက်အလက်များအရ သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ကိုးထောင်ကျော်ရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ထားသူ တစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၂၉၇၄ ဦးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးသည့် မုဒုံမြို့နယ်တွင် ဖြေဆိုသူ […]

ဆောင်းဘောက်တင်ကား ဓာတ်လိုက်ပြီး လူငယ်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

Dawei Watch

March 6, 2026

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ရွာတွင် ဆောင်းဘောက်များ တင်ဆောင်ထားသည့်ကား ဓာတ်လိုက်ပြီး ကားပေါ် လိုက်ပါလာသည့် လူငယ်နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းက ကမ်းကြီးဆိပ်ရွာတွင် ရှင်လောင်းလှည့်ချိန် ဆောင်းဘောက်များ တင်ဆောင်ထားသည့် ကားသည် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်သဖြင့် ကားပေါ်လိုက်ပါလာသည့် လူငယ်တစ်ဦးက ဓာတ်ကြိုးကို မကိုင်လိုက်ရာမှ ကားတစ်စီးလုံး ဓာတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဓာတ်လိုက်မှုကြောင့် လူငယ်နှစ်ဦးသည် ကားပေါ်တွင်ပင် သေဆုံးပြီး ဆောင်းဘောက်ပိုင်ရှင် ကားသမားအပါအဝင် လူ လေးဦး အပြင်းအထန်ဒဏ်ရာရကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။ ဆောင်းဘောက်ယာဉ်သည် ကျိုက်ထိုမြို့နယ် စွပ္ပနူးကျေးရွာကဖြစ်ပြီး ကမ်းကြီးဆိပ်ရွာ ရှင်ပြုအိမ်အတွက် အငှားလိုက်နေခြင်းဖြစ်ကြောင်း စွပ္ပနူးကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။ “ကားက မီးကြိုးနဲ့ မလွတ်တော့ […]