သထုံတွင် တစ်ရက်အတွင်း လူငယ် ၃ ဦး အသတ်ခံရ
Dawei Watch
May 7, 2025မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တစ်ရက်အတွင်း လူငယ် အမျိုးသား ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး၊ အသက် ၂၃ နှစ်အရွယ် စိုးပြည့်ထူးနှင့် အသက် ၂၂ နှစ်အရွယ် အာပေကော်ဆိုသူတို့သည် မေလ ၅ ရက်နေ့ညက ပစ်ခတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ ၃ ဦးသည် တောင်ကြားရပ်ကွက်၊ လက်ပံကုန်းအပိုင်း တောလမ်းတစ်နေရာတွင် ပစ်သတ်ခံထားရပြီး ၎င်းတို့၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူတို့ကို ဘယ်သူတွေက လုပ်သွားလဲဆိုတာကတော့ မသိသေးဘူး။ သူတို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့လည်း […]


