လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် ကုန်တင်ကားများ မထွက်ရဲကြသဖြင့် မုဒုံတွင် ကုန်စည်စျေးတက်
Dawei Watch
July 6, 2025မွန်ပြည်နယ် မြို့နယ်အချို့တွင် လိုင်စင်မဲ့ယာဥ်များဖမ်းဆီးနေသည့်အတွက် ကုန်သယ်ယာဥ်များ မသွားရဲကြသောကြောင့် မုဒုံမြို့နယ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစ၍ မွန်ပြည်နယ်၊ သထုံ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စီမံချက်ဖြင့် စစ်ကောင်စီက လိုင်စင်မဲ့ ယာဥ်များဖမ်းဆီးနေခြင်းဖြစ်သည်။ ထို့ကြောင့် မုဒုံမြို့နယ်မှ အထက်ပါမြို့နယ်များသို့ ကုန်စည်သယ်ဆောင်ရေးလုပ်နေသည့် လိုင်စင်ရှိယာဥ်များပင် စစ်ဆေး ဖမ်းဆီးခံရမည် စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ဖမ်းဆီးခံရပါက စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်သည့်အတွက်လည်း သွားလာမှုနည်းလာကြောင်း ၎င်းတို့က ဆိုသည်။ “ဒဏ်ကြေးမဆောင်နိုင်တဲ့ ယာဉ်ပိုင်ရှင်တွေဆိုရင်လည်း တပ်သားအဖြစ် ထည့်သွင်းခံတာရယ်၊ အဖမ်းခံရမှာကို ကြောက်တာရယ်ကြောင့် လိုင်စင်ရှိကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေလည်း အပြင်မထွက်ရဲတော့ဘူး” ဟု မုဒုံမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။ မွန်ပြည်နယ်အတွက် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် […]


