ဘီးလင်းတွင် ပရဟိတလုပ်နေသည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
June 4, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အနိုင်းပွန်းကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာတွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးဇွန်လ ၃ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်း-တောင်စွန်းသွားကားလမ်းဘေးရှိ သစ်တိုကျွန်းကျေးရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာမိုးသည် ယမန်နေ့ ည ၇ နာရီခွဲကျော်တွင် ရွာလယ်လမ်းမပေါ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒေါ်သီတာမိုးသည် နေအိမ်မှ ရွာရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် ရွာလယ်လမ်းမအတိုင်း လမ်းလျှောက်လာစဥ် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ခန္ဓာကိုယ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ငါးချက်ခန့်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ပြောဆိုသည်။ ဒေါ်သီတာမိုးသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဘာကြောင့် […]


