မွန်တွင် စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ ကျော်အထိ ဝယ်နေရ
Dawei Watch
November 12, 2025မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်နေပြီး စက်သုံးဆီစျေး တစ်လီတာလျှင် ကျပ် ၅၀၀၀ ကျော်အထိ ပေးဝယ်နေရကြောင်း ဒေသခံတို့က ပြောသည်။ လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ၎င်းတို့က ဆိုသည်။ ဆိုင်အချို့မှာ အကန့်အသတ်ဖြင့် ရောင်ပေးနေသည့်သလို လုံးဝပိတ်ထားသည့် ဆိုင်များလည်း ရှိကြောင်း ဒေသခံများက ပြောဆိုသည်။ စက်သုံးဆီ မပြတ်လပ်မီ စက်သုံးဆီအရောင်းဆိုင်များတွင် ၉၂၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားရှိနေပြီး ဆီပြတ်လပ်ပြီးနောက် လက်ရှိတွင် ပြင်ပဆိုင်များ၌ တစ်လီတာ ကျပ် ၅၀၀၀ ကျော်ဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ “ဆီက ဆိုင်တွေ အများစုမှာ မရဘူး။ ရခဲ့ရင်တောင် တန်းစီစောင့်ရတယ်။ နယ်ဘက်မှာလည်း […]


