ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး
Dawei Watch
March 24, 2025မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ မတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးသန့်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “အဲဒီအဖွဲ့က ကြာဖြူနှင့် ခမိတ်ရွာကြားလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]


