ရေးတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
September 16, 2025a&မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်းကျေးရွာအုပ်စု၊ နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဓမင်ဆိပ်ကျေးရွာ ရာအိမ်မှူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၄ရက် ည ၈နာရီခန့်က နှီးနှူးကျေးရွာ အုပ်ချုပ်ရေးမှူးဦးရွှေအနှင့် ဓမင်ဆိပ်ကျေးရွာ ရာအိမ်မှူး ဦးသောင်းစိန်တို့ နှစ်ဦးသည် နေအိမ်တွင်ရှိနေကြစဉ် လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးရွှေအနှင့် ဦးသောင်းစိန်တို့ နှစ်ဦးစလုံးသည် အခင်းဖြစ်ပွားသည့် နေအိမ်တွင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ ပစ်သတ်ခံရပြီးနောက် ကျေးရွာထဲသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ညတွင်းချင်း ရောက်ရှိလာပြီး လုံခြုံရေးတင်းကျပ်ထားသလို ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “နှီးနှူး အုပ်ချုပ်ရေးမှူးရော ဓမင်းဆိပ်က ရာအိမ်မှူးရော နှစ်ယောက်စလုံးက အိမ်ထဲမှာပဲ ပစ်သတ်ခံရတာ။ […]


