လေပြင်းကြောင့် မွန်တွင် အမျိုးသမီးသုံးဦး ဒဏ်ရာရ၊ နေအိမ် သုံးရာကျော် ထိခိုက်ပျက်စီး
Dawei Watch
July 25, 2025မွန်ပြည်နယ် မြို့နယ်ငါးခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပြီး နေအိမ်အလုံး သုံးရာကျော် ထိခိုက်ပျက်စီးကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ရေးမြို့နယ်၊ ဇီးဖြူသောင်စံပြကျေးရွာ၊ ဆိပ်ကမ်းသာရပ်ကွက်တွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ရက် နံနက်ပိုင်းကလည်း ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်အလုံး တစ်ရာ နီးပါးလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ နံနက်ပိုင်းတွင်ပင် သထုံမြို့နယ်၊ နောက်ကုလားကျေးရွာအုပ်စုနှင့် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ အလယ်ပိုင်းနှင့် ကျွဲတဲအုပ်စုတို့တွင်လည်း လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်အလုံး ၅၀ခန့် […]


