ဘီးလင်း၊ မင်းစောရွာကို စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးထပ်ကြဲ
Dawei Watch
July 11, 2025မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း ဒေသခံများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တို့ထံမှ သိရသည်။ ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းစောကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းစောကျေးရွာတွင် အသစ်ဆောက်လုပ်ထားသည့် စာသင်ကျောင်း အဆောက်အအုံ နှစ်လုံးနှင့် အရပ်သားပြည်သူ နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဗုံးက စာသင်ကျောင်းပေါ်မှာ ကျသွားတော့ ကျောင်းဆောင် နှစ်ဆောင်ထိသွားတယ်။ အိမ်လည်း ထိသွားတာရှိတယ်။ လူတော့ ထိတာမရှိဘူးလို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေသောကြောင့် ဒေသခံပြည်သူများ […]


