မိုင်းခွဲခံရသည့် ကိုးမိုင်တံတား ကားငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းခွင့်ပြု
Dawei Watch
November 22, 2024မွန်ပြည်နယ်၊ ရေးမြို့ နှင့် မလွှဲတောင်အကြား ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်တွင် ယနေ့ မိုင်းခွဲဖျက်ဆီးခံရသည့် ကိုးမိုင်တံတားတွင် ကားငယ်များနှင့် ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း ဒေသခံများနှင့် ကားသမားများထံမှ သိရသည်။ ရေးမြို့နယ်တွင်ရှိသည့် ကိုးမိုင်တံတား ယနေ့ နိုဝင်ဘာလ ၂၂ရက် နံနက် ၂နာရီဝန်းကျင်တွင် မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် ပြင်ဆင်ကာ ပြန်လည်ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “တံတားပြင်သမားတွေ (နံနက်) ၁၁ နာရီလောက် ရောက်လာတယ်။ သူတို့တစ်ခြမ်းပြင်ပြီးတော့ ၁၂ နာရီထိုးလောက်မှာ ကားအငယ်နဲ့ ဆိုင်ကယ်တွေကို အလှည့်နဲ့ ပေးဖြတ်နေတယ်။ ကုန်ကားနဲ့ Express မှန်လုံတွေက ဖြတ်လို့ မရသေးဘူး” ဟု ကိုးမိုင်ရွာသားတစ်ဦးက ပြောသည်။ ကားကြီးများ ဖြတ်သန်းသွားလာရန် စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ရေးမြို့ဘက်ခြမ်းတွင် ပိတ်မိနေသည့် မှန်လုံယာဥ်မောင်းတစ်ဦးက ဆိုသည်။ […]


