မွန်တွင် ရော်ဘာစျေး ပြန်ကျ
Dawei Watch
October 22, 2024မွန်ပြည်နယ် ရော်ဘာစျေးကွက်အတွင်း အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ်သုံးထောင်အောက် ပြန်ကျသွားကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရာသီအစ အောက်တိုဘာလဆန်းပိုင်းက ရော်ဘာစျေးကွက်တွင် မှိုင်း/နေလွတ် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၃၂၀၀နှင့် ၃၅၀၀ကြား၊ နေလှန်းရော်ဘာတစ်ပေါင်လျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ကြားအထိ စျေးပေါက်ကြောင်း ၎င်းတို့က ဆိုသည်။ ရော်ဘာအစေးထုတ်လုပ်မှုရှိလာသည့် အောက်တိုဘာလ တတိယအပတ်အတွင်း ရော်ဘာစျေးပြန်ကျလာပြီး မှိုင်း/နေလွတ် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်၊ နေလှန်းတစ်ပေါင်လျှင် ၂၄၀၀ နှင့် ၂၈၀၀ ကျပ်ကြား ပေါက်စျေးရှိကြောင်း ရော်ဘာ အဝယ်ဒိုင်တို့ ထံမှ သိရသည်။ “ဒီနှစ်ရော်ဘာစျေး အဖွင့်မှာစျေးကောင်းတယ်။ မနှစ်ကနဲ့စာရင် နှစ်ဆလောက်တော့ စျေးတက်ပါတယ်။ အဲဒီကနေ အခု ရော်ဘာ နည်းနည်းထွက်လာတဲ့အချိန်မှာ စျေးက […]


