သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
Dawei Watch
September 2, 2024မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ညက ခရီးသည်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယမန်နေ့ ည ၈ နာရီခွဲခန့်က ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ငယ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင်ယာဉ်ငယ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည်အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရတာက အမျိုးသမီးလေးဦး၊ အဲဒီအထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ […]


