မွန်တွင် စက်သုံးဆီပြတ်လပ်၊ ဆီရရန် ကား ဆိုင်ကယ် ရာနှင့်ချီတန်းစီစောင့်ရ
Dawei Watch
August 14, 2024မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ကား၊ ဆိုင်ကယ်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆီတန်းစီစောင့်ဆိုင်းနေသူတို့က ပြောသည်။ ဩဂုတ်လ ၁၃ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ပိတ်ထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း အရောင်းဆိုင်အချို့သာ ဆီရောင်းချပေးနေသည့်အတွက် ကားတန်း၊ ဆိုင်ကယ်တန်း ရာနှင့်ချီ တန်းစီနေကြရကြောင်း ၎င်းတို့က ဆိုသည်။ “ရောင်းပေးနေတဲ့ဆိုင်တွေမှာဆိုရင် ကားတွေတန်းစီနေတာ မျက်စိတဆုံးပါပဲ။ တချို့ဆို မိုးမလင်းခင်ကတည်းက ဆီဆိုင်ရှေ့မှာ တန်းစီနေကြတယ်။ မနက် ၆ နာရီလောက် တန်းစီတဲ့လူတွေက ၉ နာရီ ၁၀ နာရီထိုးလည်း မရသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့” ဟု သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြသည်။ ယခုကာလတွင် စက်သုံးဆီ မဝင်တော့သဖြင့် ဆီပြတ်လပ်ခြင်းဖြစ်ပြီး ဆီလက်ကျန်ရှိသည့် […]


