ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

သံဖြူဇရပ်တွင် စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော်တိုက်ခိုက်

Dawei Watch

April 9, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း အဆိုပါတပ်တော်က ထုတ်ပြန်သည်။ ထင်းရှူးကျေးရွာတွင် အင်အား ၆၀ ကျော်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်စခန်းကို ယမန်နေ့ ဧပြီလ ၈ရက် နံနက် ၄ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ကြကြောင်း ဒေသခံများကက ပြောသည်။ “တိုက်ခိုက်ခံရတဲ့နေရာက အရင်က ရဲတွေပဲ ရှိတယ်။ ခဏခဏ တိုက်ခိုက်ခံရတော့ နောက်ပိုင်း စစ်တပ်တွေပါ ရောက်လာ ကြတယ်။ သူတို့လူ များတယ်။ အတည်တကျပဲ စခန်းချပြီး နေနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ တပ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု […]

မွန်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆစျေးတက်

Dawei Watch

April 8, 2026

စက်သုံးဆီ အခက်အခဲကြောင့် မွန်ပြည်နယ်တွင် ကုန်ပစ္စည်းပို့ဆောင်ခ လေးဆခန့်အထိ မြင့်တက်လာကြောင်း ကုန်ပစ္စည်းပို့သူအချို့ထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး စျေးမြင့်တက်နေသောကြောင့် ယာဉ်စီးခနှုန်းထားများ မြင့်တက်လာသလို အနယ်နယ် အရပ်ရပ်သို့ ကုန်ပစ္စည်းတန်ဆာခလည်း မြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။ “ဆီအခက်အခဲဖြစ်လို့ ဆီ‌စျေးတက်လို့ဆိုပြီး တန်ဆာခတွေ အသားကုန်တောင်းတာ၊ ပို့နေကြ တစ်သောင်း၊ နှစ်သောင်းလောက်က အခု ရှစ်သောင်း၊ တစ်သိန်းအထိ တောင်းကြတာ။ ကုန်ပစ္စည်းတွေ စျေးတက်တာလည်း မပြောနဲ့တော့” ဟု ကုန်ပစ္စည်းပို့သူတစ်ဦးက ပြောသည်။ ကားခ၊ ကုန်ပစ္စည်းပို့ဆောင်ခများ မြင့်တက်လာသည့်အတွက် ကုန်စျေးနှုန်းများလည်း ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ စျေးနှုန်း မြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “ကားခတွေ တက်လာတော့ ပစ္စည်းတွေကလည်း စျေးလိုက်တက်ရတာပေါ့လေ။ အခု သင်္ကြန်လည်း နီးလာပြီးဆိုတော့ စျေးနှုန်းတွေက […]

စစ်အုပ်စုလူအများစုဖြင့် မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ကို ဖွဲ့စည်း

Dawei Watch

April 7, 2026

မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ ဝန်ကြီး စုစုပေါင်း ၁၀ ဖြင့် ဖွဲ့စည်းလိုက်သည်။ စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းကို ခန့်အပ်ခဲ့ပြီး ဝန်ကြီးကိုးဦးတွင်လည်း စစ်အာဏာရှင်တပ်နှင့် စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစု နေရာယူထားသည်။ မွန်ပြည်နယ် အသွင်ပြောင်းစစ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၇ခုအတွက် ဝန်ကြီး ၇ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး သုံးဦး ပါဝင်သည်။ ဝန်ကြီးများ စာရင်းတွင် ကြံ့ခိုင်ရေးပါတီက ၆ ဦး၊ မွန်ညီညွတ်ရေးပါတီက ၂ ဦး၊ ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ၁ ဦး ပါဝင်သည်။ စစ်ခေါင်းဆောင်က ဗိုလ်မှူးချုပ်အောင်ဝင်းသန်းအား ဝန်ကြီးချုပ်အဖြစ် ဧပြီလ ၆ရက်တွင် ပြည်နယ်လွှတ်တော်၌ အမည်စာရင်းတင်သွင်းရာ ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့သည်။ ယနေ့ ဧပြီလ ၇ရက်တွင်လည်း […]

အသွင်ပြောင်းစစ်အစိုးရက မော်လမြိုင်တွင် သင်္ကြန်ပွဲစည်ကားစေရန် စတင်လုပ်ဆောင်

Dawei Watch

April 6, 2026

မကြာခင်ကျရောက်မည့် သင်္ကြန်ပွဲတော်ကို အသွင်ပြောင်းစစ်အစိုးရသစ်က စည်စည်ကားကား ကျင်းပနိုင်ရန် စတင်လုပ်ဆောင်နေပြီး မော်လမြိုင်မြို့ပေါ်တွင်လည်း မဏ္ဍပ်များ စတင်ဆောက်လုပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။ သင်္ကြန်ပွဲတော်အတွက် ပြည်နယ်စစ်ကော်မရှင်က မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ကျိုက်သလ္လံဘုရားလမ်းမှ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းကို ယာယီပိတ်သိမ်းပြီး မဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်နေခြင်း ဖြစ်သည်။ ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များကို ဧပြီလ ၄ ရက်နေ့ကစပြီး ဆောက်လုပ်နေကြသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “ကမ်းနားဘက်မှာ လမ်းပိတ်ပြီးတော့ မဏ္ဍပ်တွေ ဆောက်နေတယ်။ ဗဟိုမဏ္ဍပ်နေရာမှာလည်း ဆောက်နေတယ်။ လမ်းလျှောက်သင်္ကြန်လုပ်ဖို့ နေရာရော လုပ်နေတာ တွေ့ရတယ်။ ဒီနှစ်က ဆီမရှိတော့ လမ်းလျှောက်သင်္ကြန်ကိုပဲ အဓိက ပြင်ဆင်နေတာ ထင်တယ်” ဟု မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။ ကမ်းနားလမ်းတစ်လျှောက်တွင် ဗဟိုမဏ္ဍပ်အပြင် ဌာနဆိုင်ရာမဏ္ဍပ်များ၊ […]

စစ်အုပ်စု၏ မွန်ဝန်ကြီးချုပ်အဖြစ် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးကို ခန့်အပ်

Dawei Watch

April 6, 2026

သမ္မတဖြစ်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လာသည့် ဝန်ကြီးချုပ် အမည်စာရင်းကို ပြည်နယ်လွှတ်တော်က အတည်ပြု ခန့်အပ်လိုက်ခြင်းဖြစ်သည်။

စက်သုံးဆီအခက်အခဲကြောင့် မွန်တွင် သောက်ရေသန့်စျေးတက်

Dawei Watch

April 3, 2026

စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တွင် သောက်ရေသန့်လဲလှယ်ခ ၂၀လီတာတစ်ဘူးလျှင် ငါးရာကျပ် စျေးတက်ကြောင်း မြို့ခံများထံမှ သိရသည်။ မော်လမြိုင်တွင် ၂၀လီတာ သောက်ရေသန့်လဲလှယ်ခ တစ်ဘူးလျှင် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ ဧပြီလ ၁ရက်မှ စတင်ကာ ကျပ် နှစ်ထောင် ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။ စက်သုံးဆီ ပြတ်လပ်ပြီး စျေးမြင့်တက်လာခြင်းနှင့် အထွေထွေကုန်ကျစရိတ် မြင့်မားလာခြင်းတို့ကြောင့် သောက်ရေသန့် စျေးနှုန်း ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းက ကြေညာထား သည်။ “ရေသန့် ပို့တဲ့ကောင်လေးတွေက ဧပြီ ၁ ရက်နေ့ကစပြီး သောက်ရေသန့်တွေ စျေးတက်မယ်တဲ့။ တစ်ဘူး ၅၀၀ တက်မယ် တဲ့။ ဆီအခက်အခဲဖြစ်တော့ သူတို့လည်း စျေးလိုက်တက်ရတာ” ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ မော်လမြိုင်မြို့နယ်အတွင်းတွင် […]

စစ်အာဏာရှင်တပ်က ဘုရားသုံးဆူအနီးကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး

Dawei Watch

April 1, 2026

“လေယာဉ်နဲ့ ရွာထဲကို လာပစ်သွားတာ။ ရွာထဲမှာဆိုတော့ လူတွေ ထိခိုက်ကုန်တာပေါ့။ ဆိုင်လည်း ထိသွားတာရှိတယ်။ သေဆုံးတာကတော့ အမျိုးသမီး နှစ်ဦးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ် ၃,၈၀၀ ကျပ်အထိ ဈေးတက်

Dawei Watch

April 1, 2026

လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။ စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာခြင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် မီးလင်းရေးကော်မတီတို့က ဧပြီလမှစတင်ကာ မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ သို့ပြောင်းလဲကောက်ခံမည်ဟု ကြေညာထားသည်။ “၃ လပိုင်းက သုံးစွဲထားတဲ့ မီတာခကို ဒီ ၄ လပိုင်းမှာ ကောက်မှာပေါ့။ အခုကောက်မယ့် မီတာခကို တစ်ယူနစ် ၃,၈၀၀ နဲ့ ကောက်မယ်ဆိုပြီး ကြေညာထားတယ်။ မီတာခက အတက်တွေချည်းပါပဲ” ဟု ရေးမြောက်ပိုင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ရေးမြို့နယ်တွင် လျှပ်စစ်မီးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကိုယ်ထူကိုယ်ထ […]