ကျိုက်ထိုတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရဟန်း သုံးပါးပျံလွန်တော်မူ၊ ငါးပါး ပြင်းထန်ဒဏ်ရာရ
Dawei Watch
August 24, 2025မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ချမ်းမြေ့ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ယနေ့ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ဘုန်းကြီးကျောင်းတွင် ရဟန်းရှစ်ပါး ဆွမ်းဘုန်းနေချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခံရခြင်းဖြစ်ပြီး နှစ်ပါးပျံလွန်တော်မူကာ ကျန်ခြောက်ပါး ဒဏ်ရာ အပြင်းအထန်ရကြောင်း ဒေသခံများက ဆိုသည်။ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြသည့် ရဟန်းများကို ဆေးရုံသို့ ပို့ဆောင်စဉ် ရဟန်းတစ်ပါး ထပ်မံ ပျံလွန်တော်မူကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ ဆွမ်းစားချိန်ဆိုတော့ သံဃာတော်တွေ အကုန်ထိသွားတယ်။ နှစ်ပါးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ ဆေးရုံပို့ချိန်မှာ နောက်တစ်ပါး ထပ်ပြီး ပျံလွန်တော်မူသွားတယ်။ ကျန်တဲ့သံဃာတွေလည်း […]


