သထုံခရိုင်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား
Dawei Watch
October 27, 2025မွန်ပြည်နယ်၊ သထုံခရိုင်းအတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ကင်းပုန်းဝပ်လာသည့် စစ်အာဏာရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်တိုက်ပွဲသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲသည် ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဖြစ်ပွားခဲ့သည့်အတွက် ကားများဖြတ်သန်းသွားလာမရပဲ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သေးကြောင်း ခရီးသွားလာသူတို့ထံမှ သိရသည်။ “တိုက်ပွဲက ရက်ဆက်ဖြစ်နေတယ်။ မနေ့က ဘီးလင်း ဒေါက်ရပ်မှာ ဖြစ်တယ်။ ဟိုတစ်နေ့က သထုံဘက်မှာ ဖြစ်တယ်။ ကားလမ်းပေါ် ဖြစ်ကြတော့ ကားတွေလည်း မဖြတ်ရဲကြဘူး။ ဒီရက်ပိုင်း ဆက်တိုက်ဖြစ်နေတော့ […]


