ကျိုက်ထိုတွင် စစ်ဆေးရေးဂိတ်ကို ခရီးသည်တင်ယာဉ် တိုက်မိ၊ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ
Dawei Watch
July 22, 2025မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတား စစ်ဆေးရေးဂိတ်ကို ခရီးသည်တင် မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သောကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း မြိုခံများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်က ကျိုက်ထိုမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် အာကာမင်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက ဝင်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “မှန်လုံကားက အရှိန်မထိန်းနိုင်ဘဲ အဲဒီစစ်ဆေးရေးကို ဝင်တိုက်တော့ အဲဒီဂိတ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပါသွားတယ်။ တစ်ဦးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ နောက်တစ်ဦးကလည်း ဒဏ်ရာရသွားတယ်။ ကားပေါ်က ခရီးသည်တွေကတော့ ဘာမှ မဖြစ်ကြဘူး” ဟု ၎င်းက ဆိုသည်။ ယာဉ်ဝင်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်၏ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။ […]


