ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မွန်တွင် ဘုန်းကြီး၊ သီလရှင်များ လိုင်စင်မဲ့ယာဉ် မစီးရန်နှင့် လက်ခံမထားရန် စစ်ကောင်စီ အမိန့်ထုတ်

Dawei Watch

June 5, 2025

မွန်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ယာဉ်များ လက်ခံမထားရန်၊ ရဟန်းများ၊ သီလရှင်များ လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို မစီးနင်းကြရန် ပြည်နယ်စစ်ကောင်စီက အမိန့်ထုတ်ထားသည်။ ပြည်နယ်စစ်ကောင်စီက ပြည်နယ်သံဃနာယကအဖွဲ့ထံသို့ ဇွန်လ ၂ ရက်က စာထုတ်ညွှန်ကြားထားခြင်းဖြစ်ပြီး ပြည်နယ် သံဃနာယကအဖွဲ့ကတစ်ဆင့် သက်ဆိုင်ရာ ရပ်/ကျေးသံဃနာယကအဖွဲ့များကို ဇွန်လ ၄ ရက် ရက်စွဲဖြင့် ထပ်ဆင့်စာထုတ် ညွှန်ကြားထားသည်။ ညွှန်ကြားစာတွင် ဘုန်းကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ စီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် ပါရှိသည်။ “ဘုန်းကြီးကျောင်းအများစုကလည်း လိုင်စင်မဲ့နဲ့ဘဲ သွားလာနေကြတာ။ ကျောင်းတွေမှာ ဝင်ဖမ်းတာ ဘာညာတော့ မကြားမိသေးဘူး။ ဒါပေမဲ့ လမ်းမှာ သွားလာ‌နေတဲ့ ဘုန်းကြီးကားတွေလည်း အလွတ်မပေးဘူး၊ ဖမ်းနေတယ်။ ကြည့်ရတာ အခုက […]

ဘီးလင်းတွင် ပရဟိတလုပ်နေသည့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

June 4, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အနိုင်းပွန်းကျေးရွာအုပ်စု၊ သစ်တိုကျွန်းကျေးရွာတွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးဇွန်လ ၃ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်း-တောင်စွန်းသွားကားလမ်းဘေးရှိ သစ်တိုကျွန်းကျေးရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်သီတာမိုးသည် ယမန်နေ့ ည ၇ နာရီခွဲကျော်တွင် ရွာလယ်လမ်းမပေါ်၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒေါ်သီတာမိုးသည် နေအိမ်မှ ရွာရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် ရွာလယ်လမ်းမအတိုင်း လမ်းလျှောက်လာစဥ် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ခန္ဓာကိုယ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ငါးချက်ခန့်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ပြောဆိုသည်။ ဒေါ်သီတာမိုးသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဘာကြောင့် […]

မွန်ပြည်နယ်ထဲရှိ လူနည်းစုများ လူမျိုးအဖြစ် အသိအမှတ်ပြုခံရရေး လှုပ်ရှားမှုပြုလုပ်

Dawei Watch

June 3, 2025

မွန်ပြည်နယ်ထဲရှိ စစ်အာဏာရှင်ကို တော်လှန်နေသော တမိလ်၊ ဘင်္ဂလီ စသော လူနည်းစုများကိုလည်း လူမျိုးအဖြစ် အသိအမှတ်ပြုခံရရေး ယနေ့ ဇွန်လ ၃ ရက်နေ့တွင် အွန်လိုင်းပေါ်မှတစ်ဆင့် ကမ်းပိန်းပြုလုပ်ခဲ့ကြကြောင်း ကမ်ပိန်းကို ဦးဆောင်သူများထံမှ သိရသည်။ မွန်ပြည်နယ် ရာမညဒေသထဲတွင် အဓိကနေထိုင်ကြသော မွန် ၊ ကရင် ၊ ဗမာ ၊ ပအိုဝ် စသောလူမျိုးစုများကိုသာ လူမျိုးအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်ကြောင်း ဦးဆောင်သူက ပြောသည်။ ၎င်းတို့နှင့်အတူ တမိလ်၊ ကျူလီယာ၊ တလေဂူ၊ ဘင်္ဂလီ၊ စူရ်တီ၊ မေမန်၊ ပထန်၊ ဟင်ဒူစတန်နီ၊ ပသျူး၊ ဆစ်ခ်၊ မဂိုသျှီအာ၊ ဘာဘူ၊ ဂူဂျရာတီ နှင့် တခြားလူနည်းစုများလည်း အတူယှဉ်တွဲနေထိုင်ကြသော်လည်း ခေတ်အဆက်ဆက် အစိုးရများက လူမျိုးအဖြစ် အသိအမှတ်မပြုသဖြင့် K-Word […]

မွန်တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးသိမ်းဆည်း

Dawei Watch

June 2, 2025

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ယာဉ်များကို စစ်ကောင်စီက စီမံချက်ဖြင့် နေ့ရောညပါ လိုက်လံ ဖမ်းဆီးသိမ်းဆည်းနေပြီး ယာဉ်ပိုင်ရှင်များကိုလည်း အရေးယူကြောင်း ဒေသခံများက ပြောသည်။ ပြည်နယ်အတွင်းရှိ မြို့အဝင်၊ အထွက်နေရာများ၊ မြို့တွင်းလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းတပ်ဖွဲ့တို့က စီမံချက်ဖြင့် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို မေလ ၃၀ရက်မှ စတင်ကာ အရှိန်အဟုန်မြှင့် လိုက်လံဖမ်းဆီးနေကြောင်း ၎င်းတို့က ဆိုသည်။ လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းပြီး မော်တော်ယာဉ်ပိုင်ရှင်များကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါပုဒ်မမှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ လိုင်စင်မဲ့မော်တော်ယာဉ်များ လိုက်လံဖမ်းဆီးနေချိန်တွင် […]

ဘီးလင်း-နတ်ကြီးကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်

Dawei Watch

May 27, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် (၃/၁၇) သံကူကွန်ကရစ် အမျိုးအစားသည် မေလ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ အဆိုပါ သံကူကွန်ကရစ်တံတားသည် မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံးနီးပါး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “မိုင်းခွဲခံထားရတဲ့ တံတားက တစ်စင်းလုံးနီးပါးပဲ ပြိုကျသွားတယ်။ အခုက လူရော၊ ကားတွေရော ဖြတ်သန်းသွားလာလို့ မရတော့ဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျ […]

ဘီးလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

May 23, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပဏ္ဍိကုန်းကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပေါ်ရှိ အသက် ၄၀ အရွယ် ဒေါ်အေးနိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်မိနုနှင့် သားဖြစ်သူ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက […]

တိုက်ပွဲဖြစ်ပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးတင်းကျပ်

Dawei Watch

May 21, 2025

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ NMSP-AD တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။ မေလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့သည်။ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်း၊ ရောင်းဒေါင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မေလ ၁၉ ရက်နေ့ကတည်း လာရောက်တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “ရွာထိပ် ကားလမ်းအရှေ့ဘက်မှာ စစ်သားတွေက ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတည်းက ရောက်နေတာ။ မနေ့(မေ ၂၀)က နေ့လယ်လောက်မှာ လက်နက်ကြီး စပစ်တယ်။ ပြီးမှ လက်နက်ကြီးရော လက်နက်ငယ်နဲ့ရော ဆက်တိုက်ပစ်တယ်။ […]

မွန်တွင် ရာသီတုပ်ကွေးအဖြစ်များနေ

Dawei Watch

May 20, 2025

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်ကစပြီး ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားမှု များပြားလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် ဒေသခံတို့ထံမှ သိရသည်။ နွေရာသီအကုန် မိုးရာသီအဝင်ကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ သိသိသာသာ များပြားလာပြီး အထူးသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှု ပြင်းထန်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ “ရာသီအကူးအပြောင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးပေါ့၊ အခုဆိုရင် အတော်များများဖြစ်နေတာတွေ့ရတယ်။ ဆေးရုံ၊ ဆေးခန်းတွေဆိုရင်လည်း ရာသီတုပ်ကွေးနဲ့ ရောက်လာတာများတယ်။ သူက ကိုယ်ခံအားရှိနေတဲ့လူအတွက်က သိပ်စိုးရိမ်စရာမရှိပေမယ့် ကလေးတို့ သက်ကြီးရွယ်အိုတို့ဆိုရင် ဂရုစိုက်သင့်ပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။ ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ရာသီတုပ်ကွေးကူးစက်မှုကို သက်ကြီးရွယ်များ၊ ကလေးသူငယ်များတွင် အဖြစ်များနေပြီး အချို့ဆိုလျှင် ဝမ်းပျက် ဝမ်းလျှောပါ ဖြစ်ပွားနေကြောင်း […]