လေကြောင်းအန္တရာယ်ကြောင့် ရေးဒေသခံများ ပြောင်းရွှေ့
Dawei Watch
June 10, 2026မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဇွန်လ ၃ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ဝေဟင် ကင်းထောက်မှု နေ့တိုင်းလိုလို ရှိနေသဖြင့် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်မည်ကို စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ “လေယာဉ်နဲ့ ဗုံးလာကြဲပြီးကတည်း ဘယ်သူမှ မနေရဲကြတော့ဘူး။ အနီးအနားက လူတွေလည်း ပြောင်းကုန်ကြတယ်။ တချို့ကလည်း ရေးမြို့ပေါ်ကို ပြောင်းသွားကြတယ်။ တချို့ကလည်း ကိုယ့်အသိရှိတဲ့ တခြားရွာဘက်ကို ပြောင်းကြတယ်။” ဟု ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် […]


