ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်
Dawei Watch
July 8, 2026မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ အင်အားရာချီရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းများသည် ဘီးလင်းမြို့နယ်အတွင်းသို့ ဇူလိုင်လ ပထမအပတ်မှစတင်၍ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်များသည် ဇူလိုင် ၅ ရက်နေ့က တက်တူးကုန်းကျေးရွာဘက်သို့ ရောက်ရှိလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ “စစ်ကြောင်းက တက်တူးကုန်းဘက် ရောက်လာတဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ စဖြစ်တယ်။ နှစ်ရက်ဆက်တိုက် ဖြစ်တယ်။ အခုထိလည်း စစ်ကြောင်းက ဝင်လာနေတော့ တိုက်ပွဲက ဆက်ဖြစ်နေတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ် စစ်ကြောင်းက တက်တူးကုန်းရွာထဲ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့သွားခဲ့ကြောင်းလည်း […]


