ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်

မွန်တွင် စစ်အာဏာရှင်တပ်က ဒေသခံများကို ဖမ်းဆီးငွေညှစ်

Dawei Watch

August 6, 2026

မွန်ပြည်နယ်တွင် စစ်အာဏာရှင်တပ်သည် ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ဒေသန္တရအမိန့်အကြောင်းပြချက်ဖြင့် စစ်အုပ်စု လက်အောက်ခံ စစ်အာဏာရှင်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးပူးပေါင်းအဖွဲ့တို့က ညပိုင်း လမ်းသွားလမ်းလာ ပြည်သူများကို ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ဖမ်းဆီးရာတွင် အထူးသဖြင့် စစ်မှုထမ်း အကျုံးဝင်သည့် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောဆိုသည်။ “ညပိုင်းဆိုရင် သူတို့ (စစ်တပ်) တွေ ကားနဲ့ လှည့်လေ့ရှိတယ်။ အဲဒီလိုလှည့်တဲ့အချိန် တွေ့သမျှကို ဖမ်းတယ်။ ဖမ်းပြီးရင် ငွေညှစ်တယ်။ သူတို့တောင်းသလောက် မပေးနိုင်ရင် စစ်မှုထမ်းပို့မယ် ဘာညာဆိုတော့ မရှိလည်း တချို့က ကြံဖန်ပြီး ပေးရတယ်” […]

ဒေါနအရှေ့ခြမ်း တိုက်ပွဲတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း အထိနာ

Dawei Watch

August 4, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒေါနအရှေ့ခြမ်းတွင် တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ (၆) နယ်မြေ ဒေါနအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင် တပ်မ ၂၂ လက်အောက်ခံ ခမရ-၂၀၃၊ ခမရ-၂၁၀ တပ်ရင်းတို့ကအင်အားအလုံးအရင်းဖြင့် ဒေါနအရှေ့ခြမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဖော်ပြသည်။ အဆိုပါစစ်ကြောင်းကို KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်သော KNLA တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း KNU ထံမှ […]

ဘီးလင်းတွင် စစ်ကြောင်းက ဖမ်းသွားသည့် အရပ်သားနှစ်ဦး သတင်းအစအနမရ

Dawei Watch

July 31, 2026

စစ်ကြောင်း ရွာထဲဝင်ချိန် ဆိုင်နဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေယူသွားသလို နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မော်လမြိုင် – ရန်ကုန်အမြန်ရထားပေါ် အော်ဟစ်ဆူညံခဲ့သူ ၅၀ ကျော်ကို ဒဏ်ငွေတစ်သိန်းစီ ပြစ်ဒဏ်ချ

Dawei Watch

July 29, 2026

မော်လမြိုင်-ရန်ကုန် အမြန်ရထားပေါ် ဝိုင်းဖွဲ့စားသောက်ပြီး ဆူညံစွာအော်ဟစ်ကခုန်ခဲ့သူ ၅၄ ဦး ပါဝင်သည့်အဖွဲ့ကို မော်လမြိုင်မြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်သိန်းစီချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ဒေါ်မြသန်းအပါအဝင် ၅၄ ဦးအဖွဲ့သည် ‌ဇူလိုင်လ ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU အမြန်ရထားပေါ် စီးနင်း လိုက်ပါချိန် ရထားပေါ်တွင် ဆူညံစွာအော်ဟစ် ကခုန်ခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်း စသည်တို့ကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း အမှုဖွင့်တိုင်ကြားရာတွင် ဖော်ပြသည်။ ရထားတာဝန်ရှိသူတို့က သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း ဆိုသည်။ ထို့ကြောင့် ဒေါ်မြသန်းနှင့်အဖွဲ့ကို အရေးယူပေးရန် မော်လမြိုင်ဘူတာကြီး ရုံပိုင်ကြီးက ဇူလိုင်လ ၂၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်း၌ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ […]

မွန်တွင် မှောင်ခိုစျေးကွက်၌ စက်သုံးဆီတစ်လီတာ ကျပ်တစ်သောင်းကျော်အထိ ပေးဝယ်ရ

Dawei Watch

July 28, 2026

စက်သုံးဆီပြဿနာကို ထိရောက်သည့်နည်းဖြင့် မဖြေရှင်း ဘဲ စက်သုံးဆီအရောင်းဆိုင်များကို လိုက်ပိတ်နေခြင်းသည် သုံးစွဲသူများအတွက် ပိုပြီး အခက်အခဲဖြစ်စေကြောင်း ၎င်းတို့က ပြောဆိုသည်။

ကျိုက်ထိုက စက်သုံးဆီဆိုင်တစ်ဆိုင် ပိတ်သိမ်းခံရ

Dawei Watch

July 25, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို ပြည်နယ် စစ်အစိုးရအဖွဲ့က ပိတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။ “ထက်” စက်သုံးဆီအရောင်းဆိုင်ကို ပြည်နယ် စစ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့တို့က ဇူလိုင်လ တတိယအပတ်အတွင်းက ဆိုင်ပိတ်ကြောင်း စာလာကပ်သွားခြင်းဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်ကို ပိတ်လိုက်သည့်အပြင် အရောင်းဆိုင် တာဝန်ရှိသူကိုလည်း အရေးယူထားကြောင်း သိရသည်။ “ဆိုင်မှာ ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဆိုင်ပိတ်ထားကြောင်းဆိုပြီးတော့ စာလာကပ်ထားပါတယ်။ သိရသလောက်က ဆိုင်ပိုင်ရှင်ကိုလည်း အရေးယူထားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ “ထက်” စက်သုံးဆီအရောင်းဆိုင်က လိုင်စင်မဲ့ယာဉ်များကို ဆီဖြည့်ပေးခြင်း၊ အထောက်အထားမပါဘဲ ပုံးများဖြင့် ရောင်းချနေသည်ဆိုပြီး စစ်အစိုးရက ဆိုင်ကို ပိတ်လိုက်ခြင်းဖြစ်သည်။ မွန်ပြည်နယ်တွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး […]

စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့တွင် ဒုစရိုက်မှုများလာသဖြင့် စိုးရိမ်ကြောင်း မြို့ခံများပြော

Dawei Watch

July 23, 2026

မွန်ပြည်နယ် စစ်အစိုးရရုံးစိုက်ရာ မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှု၊ လုယက် လူသတ်မှု အစရှိသည့် ဒုစရိုက်မှုများ ပေါများလာသဖြင့် အများပြည်သူလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။ စစ်အာဏာရှင်တပ် လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးတင်းကျပ်ထားသော်လည်း မော်လမြိုင်မြို့ပေါ်တွင် ခိုးမှု၊ လုယက်မှုများ အပြင် လုယက် လူသတ်သည့်ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပွားနေကြေင်း ၎င်းတို့က ဆိုသည်။ “မော်လမြိုင်မှာ ခိုးတာ လုယက်တာတွေက တော်တော်ကို ဆိုးလာပါတယ်။ ဆိုင်ကယ်ဆိုရင် နေ့တိုင်း အခိုးခံထိနေတယ်။ စျေးမှာလည်း အခိုးခံထိတယ်။ ဆေးရုံမှာလည်း ခိုးတယ်။ အိမ်ထဲထိကို ဝင်ခိုးခံနေရတယ်။ CCTV တပ်ထားလည်း ဘာမှလုပ်လို့ မရဘူး။ သူခိုးတွေက မိန်းကလေး‌တွေလည်း ပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၂ ရက်က […]