ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘာဝဝန်းကျင်/ဥတုဘေး

တနင်္သာရီတိုင်းတွင် ယခုလကုန်အထိ မိုးကြီးနိုင်ဟု မိုး/ဇလ ပြော

diz_admin

October 15, 2021

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလကုန်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)ထံမှ သိရသည်။ လတ်တလော မိုးကြီးနေရခြင်းမှာ ဗီယက်နမ်နိုင်ငံအထက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားသည့် အပူပိုင်းမုန်တိုင်း ‘ကွန်(မ်)ပစု’ ၏ အရှိန်ကြောင့်ဖြစ်ကြောင်း မိုး/ဇလ ဌာနက ထုတ်ပြန်ထားသည်။ ပုံမှန်အားဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှ မုတ်သုံလေ ဆုတ်ခွာလေ့ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ သို့သော်လည်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းအရှိန်ရှိနေခြင်း၊ လာနီညာရာသီဥတုအားကောင်းနေခြင်းတို့ကြောင့် မိုးနှောင်းကာလတွင် တိုင်းအတွင်း မိုးပိုကြီးနေကြောင်း ဦးကျော်မိုးခိုင်က ဆိုသည်။ “ပုံမှန်ဆိုရင်တော့ ဒီရက်တွေမှာ မုတ်သုံ ဆုတ်တာပဲ။ ဒါပေမယ့် ဒီမှာက တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်းရဲ့ ဆွဲယူချက်ကလည်း ရှိနေတဲ့အတွက် ပင့်တင်ထားသလိုဖြစ်နေတာ” ဟု ၎င်းကဆိုသည်။ […]

တနင်္သာရီတိုင်းတွင် မုတ်သုန်ဝင်ပြီ

diz_admin

May 22, 2021

မေလ ၂၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ တနင်္သာရီတိုင်းသို့ မုတ်သုန်စတင်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုန်ဝင်ရောက်မှုကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ မှ ၉ ရက်အထိ ရွာသွန်းမြဲခန့်ပိုနိုင်ပြီး မေလ ၂၂ ရက်နေ့ ယနေ့တွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာရာမှ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ “မုန်တိုင်းငယ်အဆင့်ကို ဖြစ်မလာသေးဘူးပေါ့နော်၊ လောလောဆယ် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နေပြီပေါ့၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကတော့ ၂၇-၂၈ လောက်မှ ရောက်မယ်နဲ့တူတယ်၊ လေထုပြောင်းလဲမှုဖြစ်စဉ် အပေါ်မူတည်ပြီးတော့ အနှေးအမြန်ဖြစ်နိုင်မယ်”ဟု တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က […]