မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို
diz_admin
March 21, 2022အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ “ဒီနှစ်လုပ်ရတဲ့ အခြေအနေက ဘယ်လိုလဲဆိုတော့ အရူးမကို လင်လုပ်ရသလိုပဲ။ မိုးကခြိမ်းလာလိုက် ဆားက ပြန်ပျက်လိုက်နဲ့ ဘယ်လိုလုပ်ရမှန်းတောင်မသိဘူး။ ဒီနှစ်လုပ်ရ အရမ်းခက်တယ်။ ဒီနှစ် ရာသီတအား ဆိုးတယ်” ဟု ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။ လက်ရှိတွင် အားကောင်းသည့် မုန်တိုင်းငယ်အဆင့်ဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ပါ ရောက်သွား နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မတ်လကုန်အထိ တိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ကိုဗစ်မတိုင်ခင် ရှေ့တစ်နှစ်က ဆားပိဿာချိန် ၂၈ […]


