ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘာဝဝန်းကျင်/ဥတုဘေး

မဲဆောက်တွင် ရေကြီးနေ၍ ရွှေ့ပြောင်းကျောင်းများစပိတ်

Dawei Watch

July 23, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ (ဇူလိုင် ၂၃) ညနေမှစကာ မြို့ပေါ်လမ်းများ ရေလွှမ်းလာသဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ ပိတ်လိုက်ကြောင်း မဲဆောက်ရောက် မြန်မာအချို့ထံမှ သိရသည်။ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင် ဝီဖါမုန်တိုင်းအရှိန်ကြောင့် ဇူလိုင်လ ၂၃ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့ပေါ်လမ်းများ၊ ရပ်ကွက်များအတွင်း ရေဝင်လာခြင်းဖြစ်သည်။ လက်ရှိတွင် မဲဆောက်မြို့ နေရာအများစု၌ ရေကြီးနေပြီး သွားလာရခက်ခဲနေသည့်အတွက် ရွှေ့ပြောင်းမြန်မာကျောင်းအချို့က ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျောင်းပိတ်ထားကြောင်း မဲဆောက်ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ထိုင်းအစိုးရကလည်း တာ့ခ်ခရိုင်အတွင်း ရေလွှမ်းနိုင်သည့်အကြောင်းကို ဖုန်းမှတစ်ဆင့် မက်ဆေ့ (SMS)ပို့ပြီး အသိပေးနေသလို ဒေသအာဏာပိုင်၊ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များကလည်း ရေလွှမ်းနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ယာဥ်အသွားအလာဂရုစိုက်ရန်နှင့် အနိမ့်ပိုင်းရပ်ကွက်နေ သူများ […]

ကံပေါက်တွင် မိုးသက်လေပြင်းကျ

Dawei Watch

July 23, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု ဝန်းကျင်တွင် ဇူလိုင်လ ၂၂ ရက်က မိုးသက်လေပြင်းကျ၍ ဓမ္မာရုံတစ်ဆောင် အမိုးပျက်စီးခဲ့ပြီး သစ်ပင်များလည်းကျိုးကျခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်ရှိ ပေ ၁၃၀၀ ခန့် မြင့်သော ရန်ကင်းတောင်ပေါ်ရှိ ဆောက်လက်စ ဓမ္မာရုံတစ်ဆောင် ဇူလိုင်လ ၂၂ ရက်ညက မိုးသက်လေပြင်းဒဏ်ကြောင့် အဆောက်အအုံခေါင်းရင်းပိုင်း အမိုးတစ်ခြမ်းလန်၍ ပျက်စီးသွားကြောင်း ရန်ကင်းတောင် ဆရာတော်က မိန့်သည်။ “လေပြင်းကြောင့် သွပ်အချပ်လိုက်နဲ့ မိုးထားတဲ့ထုပ်တန်း(သစ်သားချောင်း)တွေ ပါလွင့်သွားတယ်” ဟု ဆရာတော်ကမိန့်သည်။ မနက်ဖြန် ဥပုသ်နေ့အတွက် ဓမ္မာရုံအမိုးအား ယနေ့ ဇူလိုင်လ ၂၃ ရက်ညနေပိုင်း တွင် ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း ဆရာတော်ထံမှသိရသည်။ ယင်းအပြင် ကံပေါက်ရွာအတွင်း ခရေပင်၊ အုန်းပင်နှင့် ကွမ်းပင်အချို့လည်း မိုးသက်လေပြင်းကျ၍ လဲကျကြောင်း ဒေသခံများကဆိုသည်။ ကံပေါက်ကျေးရွာအုပ်စု၊ […]

တနင်္သာရီမြစ်ရေ စတက်လာပြီး လမ်းနှင့်တံတားအချို့ ရေစမြုပ်

Dawei Watch

July 23, 2025

တနင်္သာရီမြစ်ရေစတက်လာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လမ်းနှင့်တံတားအချို့ ရေစမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ကစကာ ရေစတက်လာပြီးနောက်ရက်များတွင် တဖြည်းဖြည်းတက်လာကြောင်း ဒေသခံများက ဆိုသည်။ ထိုသို့မြစ်ရေတက်လာသဖြင့် ကျေးရွာအချို့တွင် လမ်းနှင့်တံတားများရေမြုပ်သွားပြီး လှေဖြင့်ကူး၍ သွားလာနေရကြောင်း သကျက်ရွာဒေသခံတစ်ဦးက ပြောသည်။ “ရေက နှစ်ရက်အတွင်း တအားများပြီး ဂဏန်းကွင်းရွာကနေ ကွင်းသစ်ရွာလမ်းတွေ မြုပ်ကုန်တော့ လှေနဲ့ပဲ ကူးနေရတယ်။ ကွင်းသစ်တံတားလည်း မြုပ်ပြီ”ဟု အထက်ပါဒေသခံက ဆိုသည်။ ရေမြုပ်နေသည့် လမ်းနှင့်တံတားများ ဖြတ်သန်းသွားလာရန်အတွက် ကိုယ်ပိုင်လှေရှိသူများက ကိုယ်လှေဖြင့် ကူးကြပြီး လှေမရှိသူများက ကူးတို့လှေဖြင့်ကူး၍ သွားလာနေရကြောင်း ဒေသခံအချို့က ပြောသည်။ လက်ရှိတွင် မြစ်ရေတိုးလာသဖြင့် ညောင်ပင်ကွင်းရွာအနီးရှိ ကျွန်းညိုရွာတံတား၊ သကျက်ကျေးရွာအုပ်စု ကွင်းသစ်ရွာ တံတားနှင့် ဂဏန်းကွင်းရွာက လမ်းအချို့ […]

အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးမည်

Dawei Watch

July 21, 2025

တောင်တရုတ်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသည့် “ဝီဖာ” အမည်ရှိ အပူပိုင်း မုန်တိုင်းသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဇူလိုင်လ ၂၂ ရက်တွင် ပြန်အားကောင်းလာနိုင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် ခန့်မှန်းဖော်ပြသည်၊ ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့အပြား နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ ကဆိုသည်။ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် ကလည်း ဇူလိုင်လ ၂၂ ရက်မှစ၍ တနင်္သာရီဒေသအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးများ၍ ရေကြီးနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊ […]

မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မိုးသည်းထန်မည်

Dawei Watch

July 21, 2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသော အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းခရိုင်များတွင် ဇူလိုင်လ ၂၂ ရက် မှ ၂၄ ရက်အထိ မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးဦးစီးဌာန(DDPM) က သတိပေးထုတ်ပြန်လိုက်သည်။ မုန်တိုင်း၏အရှိန်ကြောင့် ထိုင်းမြောက်ပိုင်းရှိ နန်း၊ ဖယောင်၊ ချင်းရိုင်၊ လမ်ဖွန်၊ လမ်ပန်၊ ဖရဲ၊ ဥထရာဒစ်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ နောင်ခိုင်၊ ဘွန်ကန်၊ နခွန်ဖနွန်၊ စကွန်နခွန်၊ နောင်ဘူလမ်ဖူ၊ လိုးအီ၊ ဥဒွန်းဌာနီ၊ ကန်ချနဘူရီ၊ ရတ်ချ်ဘူရီ၊ ဥထိုင်းဌာနီ၊ ချန်ထဘူရီ၊ တရတ် ခရိုင်များတွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။ ယင်းခရိုင်များတွင် မိုးသည်းထန်မှုနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြစ်ရေလျှံခြင်း၊ သစ်ပင်လဲခြင်းနှင့် မြေပြိုခြင်းများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် […]

ကပ္ပလီ ပင်လယ်ပြင်ရှိ နီကိုဘားကျွန်းအနီးတွင် ငလျင်ထပ်လှုပ်

Dawei Watch

July 14, 2025

ကပ္ပလီပင်လယ်ပြင်ရှိ အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းပါဝင်သော နီကိုဘားကျွန်းအနီး ပင်လယ်ပြင်တွင် ငလျင်တစ်ခု ဇူလိုင်လ ၁၃ ရက် ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်က ထပ်မံလှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ ယင်းငလျင်သည် ဆယ်ကီလိုမီတာ စောက်အနက်ရှိပြီး ပြင်းအား ရစ်ခ်တာစကေး ၅ ဒသမ ၁ ရှိသည့် အင်အားအသင့်အတင့် ငလျင်ဖြစ်သည် ဟုမိုးဇလကဆိုသည်။ ယခုထပ်မံ၍ ငလျင်လှုပ်ခတ်ခဲ့သည့် ပင်လယ်ပြင် နေရာတွင် ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင်လည်း ပြင်းအား ၄ ဒသမ ၇ ရစ်ခ်တာစကေး မှ ၅ ဒသမ ၁ ရစ်ခ်တာစကေး အကြားရှိ ငလျင်လေးကြိမ် လှုပ်ခတ်ခဲ့သေးကြောင်း […]

ထိုင်း‘မူကထ’ဆိုင်များတွင် ပြာဖြစ်သွားသည့် မြန်မာ့ဒီရေတောများ

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များမှာ လူကြိုက်များသည့် စားသောက်ဆိုင်များဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သလို စားသုံးသူများဖြင့် စည်ကားနေလေ့ရှိသည်။ ယင်းစားသုံးသူများမှာ မြန်မာနိုင်ငံရှိ ဒီရေတောများ ပျက်စီးစေရေးအတွက် တစ်နည်းတစ်ဖုံ ပါဝင်ကူညီနေသူများ ဖြစ်နေသည်ကိုတော့ သတိပြုမိဟန်မတူကြပေ။ ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များ ရောင်းအားကောင်းနေသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ဒီရေတောများ ပိုမိုပျောက်ကွယ်လာသည်။ မူကထ ဆိုသည်မှာ အဝစား အကင်ဆိုင်များဖြစ်ပြီး ဒယ်အိုးခုံးပေါ်တွင် အသားနှင့် ပင်လယ်စာများတင်၍ ကင်ပြီးစားကြခြင်းဖြစ်သည်။ ဒယ်အိုးအခုံး ပတ်ပတ်လည်တွင် အရည်ထည့်ရသည့် မြောင်းပါသဖြင့် အကင်များမှ ကျလာသည့် အရည်များမှာ ယင်းမြောင်းထဲရှိ အရည်များအတွင်း စီးဝင်ပြီး အရသာရှိသည့် ဟော့ပေါ့ကိုလည်း တွဲဖက်စားသုံးနိုင်သဖြင့် လူကြိုက်များခြင်းဖြစ်သည်။ ယင်းမူကထဆိုင် ထောင်ပေါင်းများစွာအတွက် မရှိမဖြစ်ပစ္စည်းက မီးခိုးအထွက်နည်းပြီး မီးတောက်အားကောင်းသည့် အရည်အသွေးကောင်း မီးသွေးပင်ဖြစ်သည်။ ယင်းမီးသွေးမှာ မီးအားကောင်းကာ […]