ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘာဝဝန်းကျင်/ဥတုဘေး

မုန်တိုင်းတိုက်ပြီး ရေကြီးမြေပြိုမှုကြောင့် ထိုင်းတွင် သေဆုံးသူ ငါးဦးရှိလာ၊ ၁၀ ဦးထက်မနည်း ပျောက်ဆုံး

Dawei Watch

August 28, 2025

ကဂျီကီ မုန်တိုင်းတိုက်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် ယနေ့ နံနက်ပိုင်းအထိ သေဆုံးသူ ငါးဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူများ ဆက်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းခရိုင်များဖြစ်သော ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင် ခရိုင်များ အပါအဝင် ခရိုင် ၁၂ ခုအထိ ရေကြီးမှု၊ မြေပြိုမှုများကို ပြင်းထန်စွာခံစားခဲ့ရပြီး လမ်း၊ တံတားများလည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ ရေကြီးမြေပြိုမှုများကြောင့် အိမ်ပေါင်း ၁၈၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၆၃၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က ထုတ်ပြန်သည်။ ချင်းမိုင်တွင် မြေပြိုမှုကြောင့် လူ လေးဦးသေဆုံးခဲ့ပြီး မယ်ဟောင်ဆောင်တွင် တစ်ဦး ရေနှင့်အတူ […]

ထားဝယ်မြို့တွင် မိုးကြီး လေပြင်းတိုက်ပြီး နေအိမ် ၁၀နီးပါး အမိုးလန်ပျက်စီး

Dawei Watch

August 27, 2025

ထားဝယ်မြို့ပေါ်တွင် ဩဂုတ်လ ၂၆ ရက် ညဦးပိုင်းနှင့် ညသန်းခေါင်အချိန်တို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ် ၁၀ ဆောင်နီးပါး ခေါင်မိုးလန် ပျက်စီးကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့ပေါ်နှင့် အနီးတစ်ဝိုက်တွင် ဩဂုတ်လ ၂၆ရက် ည ၇နာရီဝန်းကျင်နှင့် ညသန်းခေါင်ယံတို့တွင် မိုးကြီးပြီး လေပြင်းကျတိုက်သောကြောင့် တလိုင်းမရပ်ကွက်၊ တရုတ်တန်းလမ်းရှိ နေအိမ်အချို့ နှင့် အခြားရပ်ကွက်များတွင် နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “မိုးကြီးတယ်။ လေတိုက်တာက နေရာစုံတော့ မဟုတ်ဘူး။ တရုတ်တန်းလမ်းမှာပဲ အများဆုံးဖြစ်သွားတာ။ ရုတ်တရက် လေပွေလှိုင်း မိသွားတာ ဖြစ်မယ်။ တရုတ်တန်းလမ်းမှာ အိမ်မိုးလန်သွားတာ ခုနစ်ဆောင်ရှိတယ်။ တခြားရပ်ကွက်တွေက တော့ မသိရသေးဘူး” ဟု ယင်းအမျိုးသားကပြောသည်။ Dawei Watch က ရရှိထားသည့် […]

တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီအပါအဝင် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးမည်

Dawei Watch

August 25, 2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်းကြောင့် တနင်္သာရီ၊ ပဲခူး ၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၂၅ ရက် နံနက်တွင် ထုတ်ပြန်သည်။ “ကဂျိကိ” (Kajiki) ဟုအမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး နောက် ၁၂နာရီအတွင်း ဗီယက်နမ်နိုင်ငံ အထက်ပိုင်း၊ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံအထက်ပိုင်းဒေသများကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်ထားသည်။ မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်ခြောက်ခုတွင် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်နှင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်ထားသည်။ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ […]

မုန်တိုင်းကြောင့် ထိုင်းနိုင်ငံအတွင်း မိုးကြီး၊ လေပြင်းတိုက်နိုင်ကြောင်း သတိပေး

Dawei Watch

August 25, 2025

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ကဂျီကီကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းခရိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်နိုင်ကြောင်း ထိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန (DDPM) က သတိပေးထားသည်။ ဩဂုတ်လ ၂၅ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းအရှိန်ကြောင့် ခရိုင် ၄၀ ကျော်တွင် မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။ အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်၊ နန်း၊ နခွန်ပနွန်၊ အမ်နန်ချလွန်၊ နခွန်နယွတ်၊ ချတ်ထဘူရီ၊ တရတ်၊ ဖန်ငါး၊ ဖူးခက်ခရိုင်များတွင် မိုးကြီး ရေလျှံနိုင်ပြီး မြေများ အိမ်များ ရေတိုက်စားနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ဖစ်စနူလို့၊ အန်ထောင်၊ အယုဒ္ဓယခရိုင်များတွင်လည်း‌ ကျောက်ဖရားမြစ်ရေမြင့်တက်မှုကြောင့် ရေကြီး ရေလျှံနိုင်ကြောင်း သတိပေးထားသည်။ ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းခရိုင်များတွင်လည်း မိုးရွာသွန်းမှုများနိုင်သလို […]

ရုရှားငလျင်ကြောင့် ဆူနာမီ သတိပေးချက်များထုတ်ပြန်၊ ရုရှားနှင့် ဂျပန်သို့ ဆူနာမီလှိုင်းများ စတင်ရိုက်ခတ်

Dawei Watch

July 30, 2025

ရုရှားနိုင်ငံ၊ အရှေ့ဘက် ကမ်းရိုးတန်းကျွန်းဆွယ်အနီးတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရုရှား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုက ဆူနာမီအန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ရုရှားနိုင်ငံ အရှေ့ဘက် ကန်ချက်တာကျွန်းဆွယ်အနီးတွင် ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ အင်အားပြင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ထပ် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ငယ်များလည်း ဆက်တိုက်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် ရုရှားနိုင်ငံ Petropavlovsk-Kamchatsky မြို့ရှိ အဆောက်အဦးများ ပြိုပျက်ခဲ့ပြီး လမ်းပေါ်က ကားများလည်း […]

ကပ္ပလီပင်လယ်ပြင်တွင် အင်အားပြင်းငလျင်လှုပ်

Dawei Watch

July 29, 2025

ကပ္ပလီပင်လယ်ပြင်ရှိ နီကိုဘားကျွန်း (အိန္ဒိယဧရိယာ) အနီး၌ ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်တွင် အင်အားပြင်းငလျင် လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ နံနက် ၁ နာရီ ၁၁ မိနစ်တွင် ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၇၁၇မိုင်ခန့်ကွာဝေးသောနေရာ၌ အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ပြီး အင်အားရစ်(ခ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိကြောင်း ဖော်ပြသည်။ ငလျင်လှုပ်ခတ်သည့်နေရာသည် ကော့သောင်းမြို့ နှင့် ရေမိုင် ၅၀၀ ခန့်အကွာတွင် တည်ရှိသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်နှင့် ဇူလိုင်လ ၁၄ ရက်တို့တွင်လည်း နီကိုဘားကျွန်းအနီးတစ်ဝိုက်တွင် ပြင်းအား ၄ ဒသမ ၇ နှင့် ၅ ဒသမ ၁ ရစ်ခ်တာစကေး အင်အားအသင့်အတင့်ရှိ […]

ရေကြီးရေလျှံမှုကြောင့် ဘီးလင်းနှင့် သထုံက ဒေသခံတစ်ထောင်ကျော် အရေးပေါ် ပြောင်းရွှေ့

Dawei Watch

July 29, 2025

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်းက ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ တစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းရေမြင့်တက်လာသောကြောင့် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက် အပါအဝင် မြစ်ကမ်းဘေးရပ်ကွက်များနှင့် ကျေးရွာများက လူဦးရေ ၆၀၀ ကျော်က ယာယီရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ထားရကြောင်း ၎င်းတို့က ဆိုသည်။ “မိုးက အဆက်အပြတ်ရွာနေတော့ မြစ်ရေကလည်း တက်လာတယ်။ မြစ်နဲ့နီးတဲ့နေရာ အနိမ့်ပိုင်းနေရောတွေက ရေဝင်တယ်။ အဲဒီက လူတွေကတော့ ပြောင်းရွှေ့ရတယ်။ မြစ်ရေကလည်း ဆက်တက်နေတော့ ရေမြုပ်တဲ့နေရာကလည်း များလာတယ်။ ဒီမနက်ဆိုရင် ကားလမ်းလည်း ရေကျော်နေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ […]

ပေါင်တွင် လေပြင်းတိုက်ပြီး အိမ်တစ်ရာနီးပါး ထိခိုက်ပျက်စီး

Dawei Watch

July 24, 2025

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်က လေပြင်းတိုက်ခတ်ပြီး နေအိမ်အလုံး တစ်ရာနီးပါး ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်ခြင်းဖြစ်ပြီး ပေါင်မြို့ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများပြားကြောင်း ၎င်းတို့ထံမှ သိရသည်။ “အိမ်ကြီး၊ အိမ်ငယ် အကုန်ထိတယ်။ အခြေအနေ တော်တော်ဆိုးပါတယ်။ ထိတဲ့အိမ်တွေကတော့ ခန့်မှန်း အလုံး တစ်ရာလောက်တော့ ရှိမယ်။ စာရင်းပြုစုနေတုန်းပါပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျခြင်း၊ အိမ်ခေါင်မိုး အမိုးလန်ခြင်းအပြင် သစ်ပင်လဲကျတာ၊ ဓာတ်တိုင်လဲကျတာခြင်းများလည်း ဖြစ်ပွားကြောင်း မြို့ခံများက ဆိုသည်။ ပေါင်မြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တစ်လျှောက်တွင်လည်း သစ်ပင်လဲကျခြင်း၊ ဓာတ်တိုက်လဲကျခြင်းကြောင့် ကားလမ်းပိတ်ဆို့မှု […]