ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဘာဝဝန်းကျင်/ဥတုဘေး

ကမ္ဘာ့အပူချိန်နှင့် ပင်လယ်ရေမြင့်တက်မှု အရှိန်မြန်လာဟု သိပ္ပံပညာရှင်များ သတိပေး

Dawei Watch

June 26, 2025

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် လာမည့် ၃ နှစ်ခန့်အတွင်း ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံပညာရှင်များ၏ နောက်ဆုံးထွက်ပေါ်လာသည့် အစီရင်ခံစာက သတိပေးလိုက်သည်။ ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လေထုညစ်ညမ်းစေသည့် အခြားဓာတ်ငွေ့များ ထုတ်လွှတ်မှုပမာဏက လက်ရှိနှုန်းအတိုင်း ဆက်ရှိနေလျှင် ကမ္ဘာ့ပျမ်းမျှအပူချိန် ယင်းသို့ မြင့်တက်သွားနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။ “မကြုံစဖူး အပြောင်းအလဲတွေ ကျွန်တော်တို့ မြင်နေရတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ ပင်လယ်ရေမြေမျက်နှာပြင်မြင့်တက်မှု အရှိန်မြန်လာတွေကိုလည်း ကျွန်တော်တို့ မြင်နေရတယ်” ဟု အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သည့် ဗြိတိန်နိုင်ငံ ၊ University of Leeds မှ ရာသီဥတုသိပ္ပံပညာရှင် ပါမောက္ခ Piers Forster က ဆိုသည်။ အဆိုပါ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းထားခဲ့သည်မှာ အချိန်အတော်ကြာရှိခဲ့ပြီဖြစ်ကြောင်း […]

တရုတ်အနောက်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ရှစ်သောင်းကျော် နေရပ်စွန့်ခွာ

Dawei Watch

June 26, 2025

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူပေါင်း ရှစ်သောင်းကျော် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ရာသီဥတုအလွန်ဆိုးရွားပြင်းထန်လွန်းသည့် နွေရာသီကို ဖြတ်သန်းနေရကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ နိုင်ငံ၏ ဒေသအချို့တွင် အင်မတန်ပူပြင်းသည့် နွေရာသီကို ကြုံတွေ့နေရပြီး အခြားဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုန်တိုင်းဒဏ်ကို ခံစားနေရကြောင်း သိရသည်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ပိုမိုဆိုးရွားလာသည့် ရာသီဥတုဖောက်ပြန်မှုသည် အစွန်းရောက်ရာသီဥတုအခြေအနေများကို ပိုမိုပြင်းထန်လာစေပြီး ပိုမိုအဖြစ်များလာစေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ လူပေါင်း ၈၀,၉၀၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းထားရကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ ယခု ရေကြီးမှုသည် “အနှစ် […]

လက်တစ်ကမ်းက ကပ်ဘေး

Dawei Watch

June 23, 2025

အာဏာသိမ်းပြီး လေးနှစ်ကြာလာသည်နှင့်အမျှ နိုင်ငံအတွင်း ဒေသတော်တော်များများမှာ စစ်ဘေးဒဏ်ကို အလူးအလဲ ခံနေရသည့်အလျောက် ကျရောက်လာနိုင်သေးသည့် သဘာဝဘေးဒုက္ခတွေကို သတိမမူနိုင်ကြတော့ပေ။ တနင်္သာရီတိုင်းမှာဆိုရင်လည်း စစ်ဘေးဒဏ်ကို ရင်ဆိုင်နေရသလို နောက်ဆက်တွဲအနေနဲ့ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေး ကျပ်တည်းမှုများကို ရင်ဆိုင်နေရပါတယ်။ သို့သော် မနီးမဝေးမှာ ဒေသခံများအပေါ် ကျရောက်လာနိုင်တဲ့ ကပ်ဘေး တစ်ခုကလည်း စောင့်ကြိုလျက်ရှိနေပါသေးတယ်။ နေ့စဉ်ဘဝ ကျန်းမာစွာရှင်သန်ဖြစ်ထွန်းဖို့ လိုအပ်တဲ့ ရေချိုအရင်းအမြစ်ဟာဆိုရင် တနင်္သာရီတိုင်းအတွင်း တစ်စထက်တစ်စ ရှားလာတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုအခြေအနေ တွေ ရောက်သွားနိုင်တယ်ဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်နေပါတယ်။ ပြုန်းတီးလာသောသစ်တော ရှားပါးလာသောရေချို ပထမဆုံးအနေနဲ့ ရေချိုသံသရာလည်ပတ်ရေးအတွက် အရေးပါတဲ့ သစ်တောဧရိယာများမှာ တနှစ်ထက်တစ်နှစ် ပျောက်ကွယ်လျော့ပါးလာနေပါတယ်။ မြန်မာနိုင်ငံတဝန်းရှိ သစ်တောများအနက် တနင်္သာရီသစ်တောမှာ သဘာဝ အရင်း အမြစ် […]

ရေဖြူတွင် လေပြင်းကြောင့် အုန်းပင် ဆိုင်ပေါ်ကျိုးကျပြီး လူငယ်တစ်ဦးသေဆုံး

Dawei Watch

June 17, 2025

ရေဖြူမြို့နယ်၊ မော်ငန်းရွာတွင် ဇွန်လ ၁၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင် ဆိုင်တဲပေါ် ကျိုးကျပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူများနှင့် ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် မော်ငန်းရွာသားဖြစ်ပြီး စားကျက်တွင် ကျောင်းထားသည့် နွားများကို ပြန်သွားသိမ်းစဥ် အုန်းပင်ကျိုးပြီး ဆိုင်တဲပြိုကျကာ သစ်သားစထိမှန်၍ သေဆုံးကြောင်း ဆွေမျိုးတော်စပ်သူများက ဆိုသည်။ မော်ငန်းရွာမှာ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ရှိသည်။ “ကျိုးကျတဲ့ အုန်းပင်က ပေ ၄၀ လောက်ရှိမယ်။ မိုး လေ ကလည်း တအားပြင်းနေတဲ့အချိန်မှာ ဖြစ်သွားတယ်။ အုန်းပင်က ဆိုင်တဲပေါ်ကို ကျိုးကျပြီး သစ်သားအပိုင်းအစကို သူ့ကို သွားစင်တာ။ ရွာက မိုးရေချိုးနေတဲ့ကလေးက လဲကျနေတာတွေ့မှ ဆေးရုံပို့တာတွေလုပ်ရတယ်” […]

အထိန်းအကွပ်မဲ့နေချိန် ပျူးမီးသွေးဖိုတွေ ရမ်းကားလို့ မြိတ်ကျွန်းစုက ဒီရေတောတွေ ကုန်တော့မယ်

Dawei Watch

June 15, 2025

မိုင်ပေါင်း ၅၀၀ လောက်ရှည်တဲ့ ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့ တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာ ဒီရေတောမီးသွေးကို အဓိကထုတ်လုပ်ကြပါတယ်။ ဒီရေတောမီးသွေးက စျေးကောင်းရတဲ့အပြင် စျေးကွက်လိုအပ်ချက် ကြီးမားနေပါတယ်။ ဒါကြောင့် မီးသွေးဖုတ်သူတွေက ဒီရေတောတွေကို အလွန်အကျွံခုတ်ယူပြီး မီးသွေးဖုတ်ကြလို့ ဒီရေတောတွေ ပျက်စီးလာနေပါပြီ။

ILO ပုဒ်မ ၃၃ နဲ့ အရေးယူတယ်ဆိုတာ ဘာလဲ

Dawei Watch

June 11, 2025

ဇွန်လ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ပြဌာန်းချက်ပါ ပုဒ်မ ၃၃ (Article 33) နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ILO အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဖို့ မလိုဘဲ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ILO ရဲ့ သမိုင်းတလျှောက်မှာ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ်တာ ဒါက ဒုတိယအကြိမ်ဖြစ်ပြီး အခုလို အရေးယူနိုင်ဖို့ ၄ နှစ်ကြာအောင် တောင်းဆိုခဲ့ရတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၀ ခုနှစ်မှာ ILO ရဲ့ ပုဒ်မ ၃၃ ဆုံးဖြတ်ချက်နဲ့ […]

မီးပိုစားတဲ့အေအိုင်နဲ့ စွမ်းအင်ဆာလောင်မှုများ

Dawei Watch

April 27, 2025

ခေတ်စားလာနေတဲ့ ဉာဏ်ရည်တုနည်းပညာ အေအိုင်ဟာ စွမ်းအင်လိုအပ်ချက်ပိုမြင့်ကြောင်း နဲ့ ဆက်စပ်ပြီး တခါရေးခဲ့ပါတယ်။ အခုတခါမှာတော့ အေအိုင်နည်းပညာများစွာဖွံ့ဖြိုးလာဖို့နဲ့ အသုံးပိုတွင် ပိုအလုပ်ဖြစ်လာဖို့ အတွက် ဒေတာစင်တာတွေ ပိုလိုလာတာနဲ့ ပတ်သက်လို့ဆွေးနွေးမှာပါ။ စွမ်းအင်လိုအပ်ချက်ပိုများတဲ့ အေအိုင် နည်းပညာအတွက် ဒေတာစင်တာတွေပိုဆောက်ရင် သေချာတာကတော့ ဒီ့အတွက် စွမ်းအင်လိုအပ်ချက်က ပိုလာမှာပါ။ ဒီလိုအခြေအနေမျိုးကနေ မေးခွန်းကြီးတစ်ခုထွက်လာပါတယ်။ အေအိုင်နည်းပညာဟာ ကမ္ဘာကို ပိုညစ်ညမ်းစေမှာလား ဆိုတာပါ။ ဒီမေးခွန်းက ယနေ့ကမ္ဘာမှာ သုံးနေတဲ့ လျှပ်စစ်ဓာတ်အား (အရပ်ခေါ် မီး)ရဖို့အတွက် ဘယ်လိုအရာကို ဘယ်လိုနည်းနဲ့ သုံးနေလဲဆိုတာကို အခြေခံပါတယ်။ ပြောရရင် နိုင်ငံတွေမှာ ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ် နဲ့ သဘာဝဓာတ်ငွေ့လို ရုပ်ကြွင်းလောင်စာတွေနဲ့ လျှပ်စစ်ထုတ်ကြရပါတယ်။ ပြီးတော့ ပြည့်ဖြိုးမြဲစွမ်းအင်လို့ ညွှန်းကြတဲ့ ရေအား၊ လေအား၊ ဆိုလာပြားတွေ နဲ့ထုတ်သလို […]

ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးများ အဆိပ်သင့်မှုမြင့်လာမည်

Dawei Watch

April 19, 2025

လေထုအပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာမှုကြောင့် ဆန်စပါးအဆိပ်သင့်မှု မြင့်မားလာမည်ဖြစ်ကြောင်း သုတေသနတွေ့ရှိချက်အသစ်တစ်ခုက ဆိုသည်။ ယင်းကြောင့် လူသန်းပေါင်းများစွာတွင် ကင်ဆာနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေပိုများလာနိုင်ခြေ ရှိကြောင်း The Lancet ဆေးပညာဂျာနယ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည့် တွေ့ရှိချက်က ဆိုသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှီခိုစားသုံးနေရသည့် ဆန်စပါးသည် ကမ္ဘာ့အရေးကြီးဆုံး ကောက်ပဲသီးနှံဟု ဆိုနိုင်သည်။ ကိုလံဘီယာတက္ကသိုလ်က အပင် ဇီဝကမ္မဗေဒပညာရှင်နှင့် တွဲဖက်ပါမောက္ခ Lewis Ziska နှင့် သုတေသီများအဖွဲ့သည် သုတေသနလယ်ကွင်းများတွင် ဆန်စပါးစိုက်ပျိုးမှုကို ခြောက်နှစ်ကြာ လေ့လာခဲ့ကြသည်။ အဆိုပါ လယ်ကွင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အပူချိန်ကို အတိုးအလျှော့ ပြုလုပ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ နှစ်မျိုးလုံး တိုးမြှင့်လိုက်သောအခါ စပါးနှံများတွင် အာဆင်းနစ် ပမာဏနှင့် သက်ရှိသတ္တဝါများမှ ဖြစ်ပေါ်ခြင်းမဟုတ်သည့် အာဆင်းနစ်တို့ […]