ထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရ
Dawei Watch
January 27, 2025ထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရ
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါထားဝယ်အကျဥ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရ
တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဇန်နဝါရီလအတွင်း နေ့အပူချိန်မြင့်တက်မှုနှင့် လေပြင်းတိုက်ခတ် မှုကြောင့် မီးအန္တရာယ်သတိပြုရန်လိုကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ဇန်နဝါရီလ ၉ရက်တွင် တိုက်တွန်းထားသည်။ တနင်္သာရီတိုင်းတွင် လာမည့် ရက်သတ္တပတ်အတွင်း နေ့အပူချိန် ၃၀ ဒီဂရီဆဲစီးယပ်အထက်တွင် ဆက်ရှိနေမည်ဖြစ်ပြီး ညအပူချိန်မှာ ၂၀ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းထားသည်။ စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တနင်္သာရီတိုင်းအတွင်း တိုင်းတာချက်အရ ဇန်နဝါရီလ ၆ ရက်မှ ၉ ရက်အထိ နေ့အပူချိန်များသည် ၃ဝ ဒီဂရီဆဲစီးယပ်ဝန်းကျင်တွင်ရှိခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် အရှေ့ဘက်နှင့် အရှေ့တောင်ဘက်မှ လေများတိုက်ခတ်လာနိုင်ပြီး ကမ်းရိုးတန်းဘက်တွင် လေသည် တစ်နာရီ ဆယ်မိုင်မှ ဆယ်ငါးမိုင်အကြားတွင် တိုက်ခတ်နိုင် […]
ခေတ်ဆိုးချိန် တနင်္သာရီမှ မိုးဦးကျ သတ္တုမှိုတွင်းများ ကိုမောင်တူးတစ်ယောက် ကွမ်းသီးခြံ ၆ ဧက ကို ဒေသပေါက်ဈေးထက် ၇ ဆနီးပါး ဈေးပိုပေးပြီး ဝယ်လိုက်သည်။ ဘုတ်ပြင်းမြို့နယ်ရှိ ယင်းဥယျာဉ်ခြံကို ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် ယခုနှစ် ဇူလိုင်လက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဈေးကြီးပေးဝယ်ထားသည့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးပင်များ စိုက်ပျိုးထားသော်လည်း ကွမ်းသီးမည်မျှထွက်မည်ကို ကိုမောင်တူး လုံးဝစိတ်မဝင်စား။ သူစိတ်ဝင်စားသည်က ဥယျာဉ်ခြံမြေကြီးအတွင်းရှိ ခဲသတ္တုများများ ထုတ်ယူနိုင်ရေးပင်။ ကိုမောင်တူး ဈေးကြီးပေးဝယ်လိုက်သည့် နေရာဝန်းကျင်တွင် ခဲသတ္တုမထွက်သည့် ဥယျာဉ်ခြံတစ်ဧကဈေးက ကျပ်သိန်းငါးဆယ်ပင် မပြည့်ပေ။ “ခဲဈေးကောင်းရင် မြေဈေးကောင်းတယ်။ ခဲဈေးနဲ့ ခဲမြေဈေးက ထပ်တူအချိုးကျတဲ့သဘောရှိတယ်။ ကိုယ်က ဒီမြေကိုဝယ်မယ်သေချာရင် သူတို့ခေါ်တဲ့ဈေးပေးရလိမ့်မယ်”ဟု ကိုမောင်တူးက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ ကွမ်းသီးတော၊ ဒူးရင်းတော၊ ရော်ဘာတောအဖြစ်မှ သတ္တုလုပ်ကွက်အဖြစ် အသွင်ပြောင်းသွားခဲ့ရသည့် […]
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ခဲ့ရာ မြန်မာအလုပ်သမားနှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ကျွန်းပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်ကာ မိုးဆက်တိုက် ရွာသွန်းနေပြီး ကျွန်းပေါ်နေရာအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် လမိုင်းဒေသ ဟီမထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ပြီး မြေပြိုမှုကြောင့် အသက် ၂၇ နှစ်နှင့် ၃၇ အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး ကျွန်းပေါ်တွင် ရေကြီးနှင့် မြေပြိုမှုအန္တရာယ်များကို ဂရုစိုက်ကြရန် ညွှန်ကြားထားသည်။ Ref: Khaosod English, Thai PBS, Daily News
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးကို အသက်သေဆုံးသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားသုံးဦးကို ၁၀ လခန့် ကြာလာသော်လည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေးပေ။ ကိုအောင်ကိုကို ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့မှုအတွက် မြန်မာစေတနာ့ဝန်ထမ်းတစ်ဦးကိုသာ ရုံးတင်စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အမှုတွင် ပါဝင်ခဲ့သော ထိုင်းစစ်သားသုံးဦးကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးခြင်း မပြုလုပ်သေးကြောင်း Fortify Rights အဖွဲ့ကဆိုသည်။ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော ထိုင်းစစ်သားများကိုလည်း စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူပေးရန် Fortify Rights အဖွဲ့က ယနေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights မှာ အခွင့်အရေးများ ခိုင်မာအောင် လုပ်ဆောင်ရေးအဖွဲ့ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသားကို အသက်သေသည်အထိ ဖမ်းဆီးနှိပ်စက်ခံရမှုတွင် တရားမျှတစေရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ […]
တနင်္သာရီတိုင်းတွင် ယခုသီတင်းပတ်အတွင်း မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၁ မှ ၁၇ ရက်အထိ တနင်္သာရီတိုင်းအပါအဝင် ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မွန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ဖော်ပြသည်။ မုတ်သုံရာသီပြီးဆုံးချိန်တွင် ပြီးခဲ့သည့်နှစ်ကထက် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန်တွင် ဖျက်မိုးကြုံရနိုင်သဖြင့် သတိပြုရန်လည်း အသိပေးထားသည်။ မိုးရွာသွန်းမှုများ ဆက်ရှိနေသေးသဖြင့် ရော်ဘာအစေးထုတ်လုပ်မှု ကောင်းကောင်းမလုပ်ဆောင်နိုင်သေးသလို စပါးရိတ်သိမ်းကာလတွင် လယ်ထဲ မိုးရေများရှိနေသဖြင့် စပါးရိတ်သိမ်း […]
တနင်္သာရီတိုင်းရှိ လယ်သမားများနှင့် ရော်ဘာတောင်သူများမှာ မိုးနှောင်းကာလ သုံးနှစ်ဆက် မိုးကောင်းနေ၍ အခက်အခဲဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။ ၂၀၂၂ ခုနှစ်မှစပြီး မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလအထိ သို့မဟုတ် မိုးလွန်ကာလဖြစ်သည့် နိုဝင်ဘာလအထိ တနင်္သာရီတိုင်းတွင် သုံးနှစ်ဆက်တိုက်မိုးကောင်းခဲ့ကြောင်း တောင်သူများက ပြောဆိုသည်။ “စပါးရိတ်ချိန်ရောက်တိုင်း မိုးနဲ့ပဲတိုးနေတော့တာပဲ။ နှစ်တိုင်းလိုလိုဖြစ်နေပြီ” ဟု ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ရပ်ကွက်မှ လယ်သမားတစ်ဦးကပြောသည်။ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် စပါးရိတ်သိမ်းရာသီဖြစ်သည့် နိုဝင်ဘာလကုန်ခါနီးအထိ မိုးရွာသွန်းမှုရှိခဲ့ကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။ ၂၀၂၂ ကလည်း စပါးရိတ်သိမ်းချိန် မိုးကောင်းသဖြင့် စပါးအမှည့်လွန်နေသော်လည်း မရိပ်သိမ်းနိုင်ဖြစ်ခဲ့ကြောင်း လယ်ကွက်ထဲတင်နေသည့်ရေကို ရေစုပ်စက်တို့ဖြင့် စုပ်ထုတ်ပြီး ရိမ်းသိမ်းခဲ့ကြရကြောင်း လောင်းလုံးမြို့နယ်ရှိ လယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းတင်က ပြောသည်။ အလားတူ ၂၀၂၃ ခုနှစ်တွင်မူ ၂၀၂၂ […]
ပွင့်လင်းရာသီအစ ပွဲလမ်းသဘင်များဖြင့် ကလေး၊ လူကြီးမရွေး ပျော်ရွှင်ကြရသည့် သီတင်းကျွတ်ကာလ၊ ဆီမီးထိန်ထိန်လင်းသည့်ကာလ၊ ဗျောက်အိုး၊ ရှူးဒိုင်းတို့ဖြင့် ကလေးများ ပျော်ရွှင်ကြရသည့်ကာလ။ သို့သော် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများတွင်မူ ရွာလုံးကျွတ်အမှောင်ကျနေပြီး ဗျောက်အိုးသံများအစား လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ ကျေးရွာလမ်းမများတွင် လူမရှိတော့။ ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းလေ့ရှိသည့် ကျေးလက်ဒေသများ၏ သီတင်းကျွတ်ကာလကို စစ်ကောင်စီစစ်ကြောင်းက အနိဋ္ဌာရုံများဖြင့် ဖုံးလွှမ်းစေခဲ့သည်။ ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်သို့ စတင်ဝင်ရောက်လာသည့်နေ့မှာ သီတင်းကျွတ်ပွဲတော်ကျင်းပရန် သုံးရက်အလို အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများသို့ ၈ ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာရာတွင် ဒေသခံများကို ဖမ်းဆီးမှုများ၊ နှိပ်စက်သတ်ဖြတ်မှုများနှင့် နေအိမ်မီးရှို့မှုများလည်း လုပ်ဆောင်ခဲ့သည်။ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်ကာလအတွင်း သေဆုံးသူဒေသခံ ငါးဦးရှိပြီး ခုနစ်ဦးထက်မနည်း […]