ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန် လာရောက်လည်ပတ်သူနည်း
Dawei Watch
August 14, 2026စစ်မှုထမ်း အဓမ္မစုဆောင်းခံရနိုင်သောကြောင့် ထားဝယ်မြို့အနီးရှိ မောင်မယ်ရေတံခွန်သို့ လာရောက်လည်ပတ်သူ နည်းနေကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရေတံခွန်သည် ထားဝယ်မြို့၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာ၏ အနောက်ဘက်တွင် ရှိသည်။ မောင်မယ်ရေတံခွန်သို့ သွားရောက်လည်ပတ်မည်ဆိုလျှင် ထားဝယ်မြစ်ကူး ကမြောကင်းတံတားကို ဖြတ်သန်းရမည် ဖြစ်သည်။ ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်သည် လူငယ်များကို လစဉ် စစ်မှုထမ်းဖမ်းဆီးစုဆောင်း လေ့ရှိသည့် နေရာဖြစ်သည်။ ကမြောကင်းတံတားကို ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် မသွားလာရဲကြောင်း ထားဝယ်မြို့ခံလူငယ်တစ်ဦးက ဆိုသည်။ “ကမြောကင်းတံတားဖြတ်ရမယ်ဆို ဘယ်မှ မသွားရဲဘူး။ (စစ်မှုထမ်းဆွဲတာ) ကြားနေရတာနဲ့တင် အဲဒီဖက် သွားရမှာ ကြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစ ၂နှစ်ခန့်အထိ မောင်မယ်ရေတံခွန်သည် ဝါတွင်းကာလ ဥပုသ်ရက်များတွင် လာရောက် လည်ပတ်သူများဖြင့် စည်စည်ကားကား […]


