ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အရှေ့တော ဥယျာဉ်ကြီးရွာကို စစ်ကြောင်းထိုးပြီး အိမ်နှစ်လုံးမီးရှို့

Dawei Watch

August 7, 2026

ထားဝယ်အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေပြီး အိမ်နှစ်လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၅ ရက်တွင် ဥယျာဉ်ကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး နေအိမ်နှစ်လုံးကို မီးရှို့သည့်အပြင် ဒေသခံများ ဝယ်ယူစုဆောင်းထားသည့် ဒီဇယ် ပီပါများနှင့် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ဒီနေ့ (ဩဂုတ် ၇) လည်း စစ်ကြောင်းထပ်ဝင်နေတယ်။ ဆီ ပီပါတွေ ထပ်သယ်နေတယ်လို့ပြောတယ်” ဟု ဥယျာဉ်ကြီးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဒေသခံများသည် ခဲသတ္တုလုပ်ကွက်တွင် အသုံးပြုရန် ဒီဇယ်များကို ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “(ဩဂုတ်) ၅ ရက်နေ့က ဆီ ပီပါ တစ်ဆယ်လောက်ရှိမယ်၊ Vigo ကားနှစ်စီးအပြည့်ပဲ။ ဒီနေ့လည်း ဆီ ပီပါ တစ်ရာကျော်တယ်လို့ပြောတယ်၊ သယ်ထုတ်နေကြတယ်တဲ့” […]

စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်‌ခုဖြင့် လောင်းလုံးအောက်ဘက်သို့ စစ်ကြောင်းထိုး

Dawei Watch

August 7, 2026

စစ်အစိုးရအဖွဲ့ကိုဖွဲ့တဲ့ ဧပြီလကတည်းက လောင်းလုံးမြို့အနီးဝန်းကျင်ရွာတွေဟာ မကြာခဏ စစ်ကြောင်းထိုးခံရလို့ လချီကြာ စစ်ဘေးရှောင်နေရတာပါ။

လေးမျက်နှာ ရေဘေး ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦး သွားရောက်ကူညီ

Dawei Watch

August 6, 2026

ဧရာဝတီတိုင်း၊ လေးမျက်နှာရေဘေး သွားရောက်ကူညီရန် ထားဝယ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးသည် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်သို့ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးသီဟအောင် ဦးဆောင်သည့် အဖွဲ့သည် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရေဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု ပေးရာတွင် သွားရောက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်း တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အခုက ပထမအသုတ်ပေါ့နော်။ အခြေအနေကြည့်ပြီးတော့မှ နောက်တစ်သုတ်အနေနဲ့ ထပ်သွားဖို့ရှိပါတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။ ထားဝယ်မြို့မှ ဩဂုတ်လ ၁၈ ရက်နေ့တွင် လေးမျက်နှာ ရေဘေးကူညီထောက်ပံ့ရန် […]

သရက်ချောင်း-ထားဝယ် လိုင်းကားဆွဲနေသည့် သားအဖနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 6, 2026

သရက်ချောင်း-ထားဝယ် လိုင်းကားပြေးဆွဲနေသည့် သားအဖနှစ်ဦး ဩဂုတ်လ ၂ ရက်နေ့တွင် လက်နက်ကိုင်ထားသူအချို့က ဖမ်းဆီးခဲ့ပြီး ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်တွင် နေထိုင်သည် အဆိုပါသားအဖသည် လိုင်းကားပြေးဆွဲနေချိန် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူသားအဖနှင့် ရင်းနှီးသူ သရက်ချောင်းမြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဖခင်ဖြစ်သူမှာ အသက် ၇၀ အရွယ် ဦးလှသိန်းဖြစ်ပြီး သရက်ချောင်း-ထားဝယ် လိုင်းကားအသင်း ဥက္ကဋ္ဌဖြစ်ကာ သားဖြစ်သူမှာ အသက် ၄၃နှစ်အရွယ် ဦးသိန်းဇော်ဦးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ သရက်ချောင်း-ထားဝယ် လမ်းပိုင်းရှိ ရန်တောင်နှင့် ညောင်ဇင်ရွာကြားက တောက်ထိန်တောင် (တောထီတောင်) ဘုရားတောင်အနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရန်တောင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အထက်ပါ သရက်ချောင်းမြို့ခံ အမျိုးသမီးကလည်း “ဖမ်းတာက တောထီတောင်ခြေမှာ ဖမ်းတာလို့ပြောတယ်။ […]

မလွှဲတောင်လမ်းပိုင်းရှိ ကျွဲတလင်းရွာကို လက်နက်ကြီးပစ်ပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းထိုး

Dawei Watch

August 6, 2026

မလွှဲတောင်လမ်းပိုင်းမှာ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်က ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

လောင်းလုံးတွင် စစ်ကြောင်းဝင်ပြီးနောက် ပျောက်နေသည့် အမျိုးသားနှစ်ဦးအတွက် မိသားစု သပိတ်သွတ်

Dawei Watch

August 5, 2026

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် တောင်မင်းပြောင် ကျေးရွာ ဒေသခံအမျိုးသားနှစ်ဦးအတွက် မိသားစုက သပိတ်ဆွမ်းသွတ်ကြောင်း ဒေသခံများက ပြောသည်။ အင်အားတစ်ရာကျော်ရှိသည့် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်မြောက်ပိုင်း တောင်မင်းပြောင်ကျေးရွာသို့ ဇူလိုင်လ ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံနှစ်ဦးဖြစ်သည့် ကိုမိုးနှင့် ကိုနေတိုးတို့ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကြောင်းဝင်ရောက်ချိန် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး စစ်ကြောင်း ဇူလိုင်လ ၃၀ရက်က ပြန်ထွက်ချိန်တွင် ဒေသခံများ ရွာသို့ ပြန်ဝင်လာကြသော်လည်း ကိုးမိုးနှင့် ကိုနေတိုးတို့ နှစ်ဦးမှာ ယနေ့ ဩဂုတ်လ ၅ ရက်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးအား စစ်အာဏာရှင်တပ်က ပစ်သတ်ပြီး အလောင်းဖျောက်သွားခဲ့သည်ဟု ယူဆကာ မိသားစုတို့က ဩဂုတ်လ ၄ ရက်တွင် […]

စမ်းလှမ်းရွာ ဓားပြတိုက်မူ ကျူးလွန်သူလေးဦးကို ဖမ်းမိ၊ ငွေကြေးလက်ခံသူကို မဖမ်းမိသေး

Dawei Watch

August 5, 2026

ဓားပြတိုက်ခံရတဲ့ နေအိမ်ပိုင်ရှင်ကလည်း မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်လာရောက် အဖမ်းခံတယ်လို့ ဆိုပါတယ်။

မောင်းမကန်ရွာတွင် ဒေသခံရှစ်ဦးကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

August 4, 2026

သဘော့ဆိပ်ကျေးရွာဘက်သို့ စစ် ကြောင်းထပ်ထိုးခဲ့ပြီး သဘော့ဆိပ်ရွာသားတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။