ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တောင်မင်းပြောင်နှင့် မြို့ဟောင်းရွာတို့တွင် စစ်အာဏာရှင်တပ် အိမ် ၁၀ကျော်မီးရှို့

Dawei Watch

July 30, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်နှင့် မြို့ ဟောင်းကျေးရွာတို့တွင် နှစ်ရက်အတွင်း စစ်အာဏာရှင်တပ်က နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီးကြောင်း စစ်ဘေးရှောင် ဒေသခံ များက ပြောသည်။ အင်အား တစ်ရာဝန်းကျင်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၂၉ရက်နှင့် ၃၀ ရက်တို့တွင် တောင်မင်းပြောင်နှင် မြို့ ဟောင်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့သည်။ ဇူလိုင်လ ၂၉ရက်တွင် တောင်မင်းပြောင် ကျေးရွာ၌ နေအိမ် လေးဆောင်ထက်မနည်း နှင့် မြို့ ဟောင်းကျေးရွာတွင် နေအိမ် ခြောက် ဆောင် စုစု ပေါင်း နေအိမ် ၁၀ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ ကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် ဒေသခံများ ပိုင်ဆိုင်သည့် ထော်လာဂျီ၊ ဘေးတွဲဆိုင်ကယ် ၊ ဆိုင်ကယ် နှင့် အခြား […]

စစ်အာဏာရှင်တပ်ရဲ့ DSEZ ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုများ

Dawei Watch

July 30, 2026

ဇူလိုင်လဆန်းပိုင်းကစပြီး စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ထဲကို အင်အား ထောင်ဂဏန်းအထိ သုံးပြီးတော့ စစ်ကြောင်းထိုးဝင်ရောက်လာနေပါတယ်။ စစ်အာဏာရှင်တပ်စစ်ကြောင်းက တပ်ခွဲတွေခွဲပြီး စီမံကိန်းဇုန်ဧရိယာတစ်လျှောက်နဲ့ အနီးဝန်းကျင်ကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။ အဲဒီလို လှည့်ပတ်စစ်ကြောင်းထိုးနေစဉ်အတွင်းမှာပဲ အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာ၊ နှိပ်စက်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူဆောင်တာစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်းပဲ ကျူးလွန်ခဲ့ကြပါတယ်။ စစ်အာဏာရှင်တပ်ရဲ့ အခုလို ပြုမူဆောင်ရွက်ချက်တွေကြောင့် အထူးစီးပွားရေးဇုန်နဲ့ နီးစပ်ရာဧရိယာက အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲမှာ ခက်ခဲစွာ တိမ်းရှောင်နေကြရပါတယ်။ စစ်အာဏာရှင်တပ် စစ်ကြောင်းစတင်ဝင်ရောက်လာချိန်ကစပြီး ရက် ၂၀ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်လမ်းမီသမျှစုစည်းပြီး အချက်အလက် […]

တနင်္သာရီတိုင်းတွင် တယ်လီဂရမ်အကောင့်များ အဟက်ခံနေရ

Dawei Watch

July 30, 2026

ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် သုံးစွဲသူများ၏ တယ်လီဂရမ် (Telegram) အကောင့်များ နည်းပညာအရ ထိန်းချုပ် (Hack) ခံရပြီး အခြားသူများထံ ညစ်ညမ်းရုပ်သံ လင့်ခ် (Link) များ အလိုအလျောက် ပေးပို့နေသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ရင်းနှီးသည့် မိတ်ဆွေများထံမှ ပေးပို့လာသော လိင်ဖျော်ဖြေရေး ရုပ်သံကြည့်ရှုရန် ရေးသားထားသည့် လင့်ခ်များကို ဝင်ရောက်နှိပ်မိရာမှစတင်ကာ အကောင့်များ ထိန်းချုပ်ခံရခြင်းဖြစ်သည်။ အဆိုပါ လင့်ခ်ကို နှိပ်မိပါက အကောင့်ပိုင်ရှင် မသိရှိဘဲ ၎င်း၏ တယ်လီဂရမ် Contact စာရင်းတွင်ရှိသော အခြားသူများထံသို့ ညစ်ညမ်း မက်ဆေ့ချ်နှင့် လင့်ခ်များ အလိုအလျောက် ပြန့်နှံ့သွားခြင်း၊ အကောင့်မှ လော့ဂ်အောက် (Log out) ထွက်၍ မရတော့ခြင်းစသည့် […]

လောင်းလုံး တောင်မင်းပြောင်ရွာတွင် စစ်အာဏာရှင်တပ် အိမ်ဖောက်ထွင်း၊ မြို့ဟောင်းရွာတွင် အိမ်မီးရှို့

Dawei Watch

July 29, 2026

လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်နေပြီး မြို့ ဟောင်းကျေးရွာရှိ နေအိမ်များကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ ဇူလိုင်လ ၂၉ ရက် မွန်းတည့်တွင် ခမောင်းတောင်ကျေးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးဝင် ရောက်ရှိလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်အဏာရှင်တပ်သည် လူ အမည်စာရင်းအတိအကျဖြင့် မြို့ဟောင်းကျေးရွာတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးရှာဖွေခဲ့ပြီး မွန်းတည့်ပိုင်းတွင် နေအိမ်ခြောက်ဆောင်ထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။ မြို့ဟောင်းကျေးရွာတွင် မီးရှို့ပြီးနောက် တောင်မင်းပြောင်ကျေးရွာသို့ ပြန်ဆုတ်လာပြီး နေအိမ်များကို ဖောက်ထွင်းကာ ဆိုင်ကယ်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်နေကြကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ “တောင်မင်းပြောင်မှာ အိမ်တွေကို ဖောက်ပြီး ကားနဲ့ ပစ္စည်းသယ်နေတယ်။ မြို့ ဟောင်းကိုတော့ […]

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်တစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

Dawei Watch

July 29, 2026

လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်သတ်ခံရသည့် လူငယ်မှာ မြို့ဟောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘိုဖြူ (ခေါ်) မောင်ဝေယံဖြိုး ဆိုသည့် လူငယ်အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရွာထဲဝင်လာသည့် စစ်ကြောင်းနှင့်တိုးကာ ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကြောင်းက ဘူချိုင်းရွာဘက်ဝင်ပြီး မြို့ဟောင်းဘက် ပြန်ထွက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ပေါ်မှာပဲ သေဆုံးတာ” ဟု ၎င်းက ပြောသည်။ မောင်ဝေယံဖြိုးမှာ ဆိုင်ကယ်မောင်းလာချိန် စစ်ကြောင်းနှင့်တွေ့၍ နောက်ပြန်လှည့်ချိန် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရေဖြူမြို့ဘက်မှ ကျခတ္တပင်အင်းကျေးရွာသို့ ထွက်လာပြီး […]

သရက်ချောင်းမြို့ ရပ်ကွက်အချို့တွင် စစ်မှုထမ်းစုဆောင်း

Dawei Watch

July 29, 2026

သရက်ချောင်းမြို့ရှိ ရပ်ကွက်အချို့တွင် စစ်အုပ်စုက အဓမ္မစစ်မှုထမ်းစုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ဒုတိယအပတ်တွင် သရက်ချောင်းမြို့မရပ်ကွက်အနီး ပန်းတော၊ ဆင်ဖြူပြင် စသည့် ရပ်ကွက်တို့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ညအချိန် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် လာရောက်ဖမ်းဆီးမှုများရှိသလို နေ့ခင်းတွင်လည်း အိမ်စီးကားများဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ဆင်ဖြူပြင်ရပ်ကွက်၌ လေးဦးဖမ်းဆီးခံရရာ ယင်းအနက် စိတ်မမှန်သူနှင့် အသက်ကြီးသူတို့ကို ပြန်လွှတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးမှာမူ စစ်မှုထမ်း စုဆောင်းခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဖြစ်တာက လှေဆိပ်ဘက်ပိုင်းမှာဖြစ်တာ။ တစ်ယောက်ကတော့ အသက် ၁၉နှစ်လောက်ပဲ ရှိဦးမယ်။ သူကတော့ ပြန်မလွတ်လာဘူး” ဟု ၎င်းက ဆိုသည်။ ပန်းတောရပ်ကွက်တွင်လည်း ယခုဇူလိုင်လအတွင်း အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး […]

ထားဝယ် SEZ တွင် စစ်အာဏာရှင်တပ် နေအိမ် နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ခုကို မီးထပ်ရှို့

Dawei Watch

July 28, 2026

ဇူလိုင်လ ၉ ရက်က ဧကနိကျေးရွာသို့ ပထမအကြိမ်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့စဉ် ကလည်း နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ပေါ်တွင် လူသတ်မှုထပ်ဖြစ်

Dawei Watch

July 28, 2026

ထားဝယ်မြို့ပေါ်တွင် ယခုနှစ် ဧပြီလကစပြီး ဇူလိုင်လအထိ လူသတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေပင်ဖြစ်ကြောင်း မြို့ခံအချို့က ပြောကြားသည်။