ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဘဝါကမ်းခြေကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး
Dawei Watch
July 22, 2026ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ ဘဝါကမ်းခြေကို ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းတွင် စစ်အာဏရှင်တပ် စစ်ကြောင်းထိုးရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ အင်းအား နှစ်ရာဝန်းကျင်ရှိ စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းမှ ဇူလိုင်လ ၁၉ရက် နံနက်ပိုင်းတွင် ထွက်ခွာလာပြီး ဘဝါရွာသို့ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ ဘဝါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်ပြီး ယနေ့ နံနက်စောစောတွင် အဆိုပါ စစ်ကြောင်းမှ စစ်အင်အား တစ်ရာခန့်သည် ဘဝါကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဘဝါကျေးရွာနှင့် ဘဝါကမ်းခြေတို့မှာ နှစ်မိုင်ခွဲခန့် ကွာဝေးသည်။ “အခု ဘဝါကြီး (ရွာ) ကနေ ကမ်းခြေဆင်းလာတယ်။ ဘုန်ကြီးကျောင်းမှာပဲ နေတယ်။ ရွာမှာကျန်ခဲ့တဲ့ သူတွေကို အစည်းအဝေးခေါ် တယ်။ ကိုယ်အိမ်မှာ ကိုယ်နေဖို့ […]


