ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် SEZ ကို အင်အားရာချီဖြင့် စစ်ကြောင်းထပ်ဝင်၊ ခရီးသည်ကားတချို့ကို ဖမ်းခေါ်လာ

Dawei Watch

July 27, 2026

စစ်ကြောင်းဝင်လာသဖြင့် ကျေးရွာခုနစ်ရွာက ဒေသခံများ ယခုလအတွင်း ဒုတိယအကြိမ် ထပ်မံထွက်ပြေးနေရသည်။

ထားဝယ်တွင် တစ်ခန်းနေသူအချင်းချင်း ရန်ဖြစ်ပြီး လူသတ်မှုဖြစ်

Dawei Watch

July 24, 2026

ထားဝယ်မြို့အဝင်ရှိ သဗြေချောင်းအထပ်သားစက်ရုံအနီး အလုပ်သမားတန်းလျားတစ်ခုတွင် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက အတူနေထိုင်ကြသူအချင်းချင်း စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။ အဝေးပြေးကွင်း ဆောက်လုပ်စဉ်က ရှိသည့် အလုပ်သမားတန်းလျားတစ်ခုတွင် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀အရွယ် အမျိုးသားနှစ်ဦးတို့ နေထိုင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ ၎င်းတို့ သုံးဦးစလုံးသည် ရွှေ့ပြောင်းကျပမ်းအလုပ်သမားများဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါတန်းလျားတွင် အသက် ၂၀ အရွယ် လူငယ်အမျိုးသားက ဦးစွာနေထိုင်ခြင်းဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးမှာ နေထိုင်ရန် နေရာမရှိ၊ အလုပ်အကိုင်မရှိသဖြင့် ခေါ်ယူနေထိုင်ခွင့်ပြုခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။ ဇူလိုင်လ ၂၃ ရက်ညတွင် အရက်သောက်စားရာမှ ပြန်လာကြရန်မှာ အချင်းချင်း စကားများကြပြီး အသက် […]

အရပ်သားကား ချောဆွဲလာသည့် စစ်အာဏာရှင်တပ် ရေဖြူ၊ ဘုရားသုံးဆူရွာတွင် မိုင်းဆွဲခံရ

Dawei Watch

July 24, 2026

ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ဘုရားသုံးဆူရွာအနီးတွင် စစ်အာဏာရှင်တပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ပြည်ထောင်စုကားလမ်း အနောက်ဘက်ရှိ မင်းသားကျေးရွာအုပ်စုမှ ပြည်ထောင်စုကားလမ်းမပေါ်ရှိ ရာဖူးရွာသို့ တပ်အချိန်းအပြောင်းလုပ်ရန် ပို့ဆောင်စဉ် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းက တိုက်ခိုက်ခံရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်(KNLA) တပ်ရင်း ၂၇ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသည့် မောရဝတီရေတပ် အရာရှိတစ်ဦးနှင့် တပ်သားသုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း၊ ကားတစ်စီး ချောက်ထဲကျကာ ပျက်စီးနေသည့် ဓာတ်ပုံနှင့်အတူ ရေးဘီလူးတပ်ဖွဲ့က တိုက်ပွဲသတင်း ထုတ်ပြန်သည်။ ထိခိုက်သေဆုံးမှုများကို အသေးစိတ် အတည်ပြုမေးမြန်းနိုင်ရန် ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူထံ […]

ရေး-ထားဝယ်လမ်းပိုင်းတွင် ကားဝင်တိုက်မိပြီး PDF ရဲဘော်တစ်ဦးသေဆုံး

Dawei Watch

July 23, 2026

ပြင်ဆင်ဖြည့်စွက်ခြင်း PDF ရဲဘော်တစ်ဦး ကုန်တင်ကားတိုက်မိခြင်းမှာ စစ်ဆေးရန် ကားထွက်တားခြင်းကြောင့် မဟုတ်ဘဲ ဆိုင်ကယ်မောင်းနေစဉ် ဝင်တိုက်သွားခြင်းသာဖြစ်ကြောင်း သိရှိရသည်။ “ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှရဲဘော်သည် တာဝန်ဖြင့် ဆိုင်ကယ်မောင်း၍သွားစဉ် အမှတ်(၈) လမ်းမတစ်နေရာ၌ ကုန်ကားတွဲကားနှင့် တိုက်မိပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ Dawei Watch ထံသို့ ဆက်သွယ်ပြောကြားလာပါသည်။ သတင်းမထုတ်မီ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဖြေကြားမှု မရခဲ့သည့်အတွက် ဒေသခံများ၏ အသံဖြင့်သာ သတင်းထုတ်ခဲ့ရပါသည်။ သတင်းထုတ်ပြီး တစ်ရက်အကြာ ချိုးဖြူပြောက်ကျား တပ်ဖွဲ့မှ တရားဝင်ဆက်သွယ်ပြောကြားလာချိန်တွင် ကွဲလွဲမှုများ ရှိကြောင်းတွေ့ရပါသည်။ သေဆုံးရသည့်ဖြစ်စဉ် ကွဲလွဲဖော်ပြမှုကြောင့် စာဖတ်ပရိသတ်များနှင့် ကာယကံရှင်များကို တောင်းပန်အပ်ပါသည်။ ရေဖြူမြို့နယ် ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း ၂၇ မိုင်အနီးတွင် ကုန်တင်ကားဝင်တိုက်မိပြီး PDF ရဲဘော်တစ်ဦး သေဆုံးကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံအချို့က […]

ထားဝယ်မြစ်ကူး ကမြောကင်းတံတားဂိတ်တွင် လူငယ်များ စစ်မှုထမ်း ဆက်တိုက်စုဆောင်းခံရ

Dawei Watch

July 23, 2026

ထားဝယ်မြို့အဝင်ရှိ ထားဝယ်မြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၅ ရက်မှ စ၍ ယနေ့ ဇူလိုင် ၂၃ ရက်အထိ ခရီးသွားလူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းဆက်တိုက်စုဆောင်းနေကြောင်း မျက်မြင် တွေ့ခဲ့သည့် မြို့ခံခရီးသွားများက ပြောသည်။ ဇူလိုင်လ ၁၅ ရက်၊ ၂၀ ရက်နှင့် ၂၃ ရက်တို့တွင် စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က ကမြောကင်းတံတား စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် လူငယ်များကို အဓမ္မစစ်မှုထမ်း စုဆောင်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့တွင် အတက် အဆင်း တံတားနှစ်ခုစလုံးတွင် စုဆောင်းခဲ့ပြီး ခရီးသွားလူငယ်သုံးဦး ထက်မနည်း စုဆောင်းခံရကြောင်း ကိုယ်တိုင် မျက်မြင်တွေ့ရသည့် မြို့ခံခရီးသွားတစ်ဦးက ပြောဆိုသည်။ “လိုက်ထရပ်ကားတစ်စီးကို နားခိုင်းပြီး ကားပေါ်ကနေ ပုဆိုးနဲ့ လူငယ်လေးတစ်ယောက်ကို ဖမ်းခေါ်ခဲ့တာတွေ့ရတယ်” ဟု […]

ထားဝယ် SEZ ဘ၀ရွာတွင် စစ်အဏာရှင်တပ် ရွှေခုနစ်ကျပ်သားနှင့် ငွေကျပ်သိန်းရာချီ အဓမ္မယူဆောင်

Dawei Watch

July 23, 2026

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဘ၀ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် ဒေသခံများထံမှ ရွှေခုနစ်ကျပ်သား ထက်မနည်းနှင့် ငွေသားကျပ်သိန်း ရာနှင့်ချီကို အဓမ္မယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ အင်အားနှစ်ရာခန့်ရှိသည့် စစ်အာဏာရှင်တပ်သည် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းကစတင်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှ ဘ၀ကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး ယနေ့ ဇူလိုင်လ ၂၃ရက် နံနက်ပိုင်းအထိ ငါးရက်ကြာ တပ်စွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကာလတွင် ဒေသခံများထံမှ ရွှေနှင့် ငွေသားများကို အဓမ္မတောင်းယူသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆို သည်။ “အမျိုးသမီတစ်ယောက်မှာဆိုရင် ရွှေနှစ်ကျပ်သားနဲ့ ငွေသိန်း ၅၀ ပါသွားတယ်။ နောက်တစ်ယောက်မှာ လက်ကောက် နှစ်ကွင်း နှစ်ကျပ်သားလောက်ရှိတယ်။ နောက် လက်စွပ်ပါတဲ့သူလည်း ရှိသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် စစ်ကြောင်းသည် […]

လောင်းလုံးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒေသခံ ၁၀ခန့်ကို ဖမ်းဆီး၊ လူငယ်တစ်ဦး ပြန်မလွတ်သေး

Dawei Watch

July 22, 2026

လောင်းလုံးမြို့ မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ ဇူလိုင်လ ၂၂ရက်တွင် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၅၀ ၀န်းကျင်ရှိသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၂၀ ရက်ကစပြီး ရေဖြူမြို့နယ် သဗြေဇွန်းကျေးရွာမှ စတင် စစ်ကြောင်းထိုးလာကြောင်း ဒေသခံအချို့က ဆိုသည်။ ဇူလိုင်လ ၂၁ ရက်တွင် ကျခတ္တပင်အင်းကျေးရွာ ယင်းမှတစ်ဆင့် ကျောက်ထောင့်ကျေးရွာသို့ ဆက်လက် စစ်ကြောင်းထိုးလာကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် နတ်တွင်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ယင်းမှတစ်ဆင့် ယနေ့ မွန်လွဲပိုင်းတွင် လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ ဆင်ပုနစ်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဆင်ပုနစ် ကျေးရွာသို့လာချိန် လမ်းပိုင်းတွင် တွေ့သည့် ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀ […]