ထားဝယ်မြို့တွင် ဆိုင်ဝန်ထမ်းသုံးဦး စစ်မှုထမ်းစုဆောင်းခံရ
Dawei Watch
August 3, 2026စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်ဝန်ထမ်းတွေကို ညဘက် ဆိုင်တွေထဲဝင်ပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းခဲ့တာပါ။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါစားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်ဝန်ထမ်းတွေကို ညဘက် ဆိုင်တွေထဲဝင်ပြီး အဓမ္မ စစ်မှုထမ်းစုဆောင်းခဲ့တာပါ။
ဦးခေါင်းနှင့်လက်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရသည်။
မောင်းမကန် ပင်လယ်ကမ်းခြေကနေ ပင်လယ်ကမ်းခြေတစ်လျှောက် စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင် သြဂုတ်လ ၂ ရက် ညက သက်ကြီးပိုင်း အမျိုးသမီးကြီး တစ်ဦးကို အမျိုးသမီးတစ်ဦးက ရိုက်နှက် လုယက်ကြောင်း ရွာသားများထံမှသိရသည်။ ရိုက်နှက်ခံရသည့် အသက် ၆၀အရွယ် အမျိုးသမီးသည် ငွေတိုးချေးသူဖြစ်ပြီး ရိုက်နှက်သည့် အမျိုးသမီးသည် အသက် ၃၅ နှစ်ခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။ ညဘက် နာရေးတစ်ခုမှ ပြန်လာပြီး အိမ်သို့ အရောက်တွင် အမျိုးသမီးကြီးတစ်ဦးတည်းရှိနေစဥ် ရိုက်နှက်သည့် အမျိုးသမီး ရောက်လာပြီး မီးပူဖြင့် ခေါင်းကို ရိုက်နှက်ကာ ဆွဲကြိုးလုယက်သွားကြောင်း ရွာသားတစ်ဦးက ပြောသည်။ ရိုက်နှက်လုယက်ခံရသည့် အမျိုးသမီးသည် ဒဏ်ရာရကာ ကံပေါက်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ရိုက်နှက် သည့် အမျိုးသမီးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းက ပြောဆိုသည်။ ရိုက်နှက်လုယက်သူ အမျိုးသမီးမှာလည်း […]
ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေဇုန် (DSEZ) ရေနက်ဆိပ်ကမ်းဧရိယာတွင် စစ်အာရှင်တပ်စစ်ကြောင်းသည် ဇူလိုင်လ ဒုတိယအပတ်က ရဟန်းတစ်ပါးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ သတ်ဖြတ်ခံရသည့် ရဟန်းသည် ရေဖြူမြို့နယ် ကုန်းသာယာအင်း (ခ) ကုန်းရပ်အင်း ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အသတ်ခံရတဲ့ရဟန်းက ပြီးခဲ့တဲ့ နွေက အလှူတစ်ခုမှာ အလှူရှင်နဲ့ ရင်းနှီးလို့ ရဟန်းလာခံပြီးကတည်းက လူပြန်မထွက်တော့ဘူး။ နယ်ခံတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရဟန်းဝတ်ပြီးကတည်းက ကုန်ရပ်အင်းကျောင်းမှာပဲ နေတာ” ဟု DSEZ ဧရိယာမှ ဒေသခံတစ်ဦးက ပြောသည် ။ သက်တော် ၄၀အရွယ် အဆိုပါရဟန်းကို လူဝတ်လဲ၍ စစ်အာဏာရှင်တပ်က ပစ်သတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “လူဝတ်လဲပြီးမှ ပစ်သတ်ခဲ့တာ။ ပစ်သတ်ခံရတာ ဇူလိုင် […]
ထားဝယ်မြို့နယ် ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဦးဖြိုးစံ ကို တနင်္သါရီတိုင်းစစ်ဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နည်းဗျူဟာ ၃၃ က ဖမ်းဆီးစစ်ဆေးနေကြောင်း ယနေ့ သြဂုတ်လ ၁ ရက်တွင် ယင်းဗျူဟာ က သတင်းထုတ်ပြန်သည် ။ ရေနက်ဆိပ်ကမ်းနှင့် ကမ်းခြေတစ်ဆက်တည်းတည်ရှိသည့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေရွာတွင် ဇူလိုင်လ ၂၀ ရက်က ဦးဖြိုးစံ ကို နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၈၀၀၃ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည် ။ “ဌာနတွင်း သတင်းပေးချက်အရပဲ ဖမ်းတာပါ။ သူ့ကို စစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် အရေးယူမှုကတော့ အားလုံးစစ်ဆေးပြီးမှပဲ ဆောင်ရွက်မယ်။ အခုကတော့ လောလောဆယ်က စစ်ဆေးနေတုန်းပါ” ဟု နည်းဗျူဟာ ၃၃ ဗျူဟာမှူး […]
လောင်းလုံးမြို့နယ်ထဲက ရွာတချို့ကို စစ်ကြောင်းထိုးတဲ့ စစ်အာဏာရှင်တပ်ဟာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ ထော်လာဂျီ သုံးစီးကို အဓမ္မယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရပြီး ရွှေနှင့်ငွေကြေးများ ပါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦးက ဇူလိုင်လ ၃၀ ရက် ည ၈ နာရီဝန်းကျင်တွင် စမ်းလှမ်းရွာ ရွာလယ်ပိုင်းအစွန် (ကမ်းနားဘက်ခြမ်း) တွင်နေထိုင်သည့် ဦးဝင်းခိုင်၏ နေအိမ် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အိမ်ရှင်တွေကို အိမ်အပြင်ခေါ်ထုတ် ထိုင်ခိုင်းထားပြီး ပိုက်ဆံထားတဲ့နေရာကိုဝင်သွားပြီး ယူဆောင်သွားတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါဓားပြတိုက်မှုကြောင့် ရွှေနှစ်ကျပ်သားနှင့် ခန့်မှန်းငွေကျပ်သိန်း ၄၀ မှ ၆၀ အကြား ပါသွားကြောင်း ဓားပြတိုက်ခံရသူနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ဓားပြတိုက်သူများမှာ စမ်းလှမ်းကျေးရွာ သို့မဟုတ် အနီးဝန်းကျင်ရှိ တီဇစ်ကျေးရွာမှ မူးယစ်ဆေး ရောင်းဝယ် သုံးစွဲနေသူများထဲကဖြစ်နိုင်ကြောင်း ဒေသခံများကခန့်မှန်းထားပြီး […]