ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက် ဂန့်ဂေါ်တောင်တွင် နေအိမ်သို့ဝင်ပြီး ရိုက်နှက်လုယက်

August 3, 2026

ပုံစာ - ဂန့်ဂေါ်တောင်ရွာလမ်းပိုင်းတစ်နေရာ (ပုံဟောင်း)။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင် သြဂုတ်လ ၂ ရက် ညက သက်ကြီးပိုင်း အမျိုးသမီးကြီး တစ်ဦးကို အမျိုးသမီးတစ်ဦးက ရိုက်နှက် လုယက်ကြောင်း ရွာသားများထံမှသိရသည်။

ရိုက်နှက်ခံရသည့် အသက် ၆၀အရွယ် အမျိုးသမီးသည် ငွေတိုးချေးသူဖြစ်ပြီး ရိုက်နှက်သည့် အမျိုးသမီးသည် အသက် ၃၅ နှစ်ခန့်ရှိကြောင်း ဒေသခံများက ဆိုသည်။

ညဘက် နာရေးတစ်ခုမှ ပြန်လာပြီး အိမ်သို့ အရောက်တွင် အမျိုးသမီးကြီးတစ်ဦးတည်းရှိနေစဥ် ရိုက်နှက်သည့် အမျိုးသမီး ရောက်လာပြီး မီးပူဖြင့် ခေါင်းကို ရိုက်နှက်ကာ ဆွဲကြိုးလုယက်သွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

ရိုက်နှက်လုယက်ခံရသည့် အမျိုးသမီးသည် ဒဏ်ရာရကာ ကံပေါက်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ရိုက်နှက် သည့် အမျိုးသမီးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ၎င်းက ပြောဆိုသည်။

ရိုက်နှက်လုယက်သူ အမျိုးသမီးမှာလည်း ကံပေါက်တိုက်နယ်က ဒေသခံဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အခင်းဖြစ်ပွားသည့် ဂန့်ဂေါ်တောင်ရွာ အဝင်အထွက်တွင် စစ်အာဏာရှင်တပ်က စစ်ဆေးရေးဂိတ် နှစ်နေရာဖွင့်ကာ နေရာယူ ထားသည်။

ပြီးခဲ့သည် ဧပြီလကလည်း ကံပေါက်ကျေးရွာတွင် ဆယ်ကျော်သက် အမျိုးသမီးငယ်အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့သေးသည်။