ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် သားဖြစ်သူ ဓားဖြင့်ခုတ်သဖြင့် မိခင်ဒဏ်ရာရ

August 3, 2026

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာတွင် သားဖြစ်သူက ဓားဖြင့်ခုတ်သဖြင့် မိခင် ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်းက ဒေသခံများက ပြောသည်။

စမ်းလှမ်းကျေးရွာတွင် နေထိုင်သည့် အသက် ၆၀ ကျော်အရွယ်ရှိ ဒေါ်ခင်မေကို အရက်စွဲနေသည့် သားဖြစ်သူက ဩဂုတ်လ ၁ ရက် ည ၇ နာရီခန့်တွင် ဓားဖြင့် ခုတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အရက်ကြောင်ပြီး ခုတ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒေါ်ခင်မေတွင် ဦးခေါင်းနှင့်လက်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ထားဝယ်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း စုံစမ်းသိရသည်။

စမ်းလှမ်းကျေးရွာသည် လောင်းလုံးမြို့မှ ငါးမိုင်ဝန်းကျင်အကွာတွင် တည်ရှိသည်။