ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်အထူးစီးပွားရေးဇုန်တွင် စစ်အာဏာရှင်တပ် နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများယူ

Dawei Watch

July 13, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ်သည် စစ်ကြောင်းသုံးကြောင်း အင်အား ထောင်ဂဏန်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ဆိုသည်။

ရေဖြူ ၀ဇွမ်းတောရွာတွင် စစ်အာဏာရှင်တပ် နေအိမ်မီးရှို့

Dawei Watch

July 12, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝဇွမ်းတောကျေးရွာတွင် စစ်အာဏာရှင်တပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် နေအိမ်နှစ်ဆောင်အား မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ ဇူလိုင်လ ၉ရက်ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ယနေ့ နံနက် ၈နာရီဝန်းကျင်တွင် ဝဇွမ်းတောကျေးရွာသို့ ရောက်ရှိကြောင်း စစ်ဘေးရှောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “သူတို့ စဝင်လာကတည်းက ဘာပစ်ခတ်မှုမှလည်းမရှိဘဲနဲ့ မီးရှို့တာ” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် ဇူလိုင်လ ၁၁ရက် မွန်းလွဲပိုင်းကလည်း ဧကနိကျေးရွာအတွင်းရှိ လူနေအိမ်အချို့ကို စစ်အာဏာရှင်တပ်က မီးရှို့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် စစ်အာဏာရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ကားသမား ခြောက်ဦးနှင့် ဒေသခံအချို့မှာလည်း ယနေ့ ဇူလိုင်လ ၁၂ […]

သရက်ချောင်း၊ ဝင်းဝစခန်းဂိတ်က ဆိုင်ကယ်စီးခွင့်ပိတ်ထား၍ ဒေသခံများ သွားလာရေးခက်ခဲ

Dawei Watch

July 11, 2026

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းစစ်ဆေးရေးဂိတ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသည့်အတွက် သွားလာရေးအခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံများမှာ သွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုကြရပြီး ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းခွင်ကိုလည်း ဆိုင်ကယ်ဖြင့်သာ သွားလာနေကြရခြင်းဖြစ်သည်။ ဝင်းဝစခန်းတွင် ပြန်လည်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသည့်အပြင် ထော်လာဂျီနှင့် သုံးဘီးများကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားသည်ဟု ဒေသခံတို့က ပြောသည်။ “လိုင်းကားတစ်မျိုးပဲ ရတယ်။ သုံးဘီးတို့၊ ထော်လာဂျီတို့လည်း စီးခွင့်မပေးထားဘူး။ တစ်ရွာနဲ့တစ်ရွာ သွားဖို့ကိစ္စရှိရင် လိုင်းကားနဲ့ပဲ သွားရတယ်။ အဲ့လိုဆိုတော့ တော်ရုံတန်ရုံ အရေးကြီးကိစ္စမရှိရင် မသွားကြတော့ဘူး” ဟု ဝင်းဝစခန်းအနီး မင်းဒပ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ယခင်က လိုရာခရီးကို ဆိုင်ကယ်ဖြင့် အလွယ်တကူသွားလာနိုင်သော်လည်း ယခုအခါ ဆိုင်ကယ်စီးခွင့်ပိတ်ထားသဖြင့် ချောင်းဝပြင်ရွာနှင့် ဂုံညင်းဆိပ်ရွာဘက်မှ လှေဖြင့် […]

ဗိုလ်မှူးကြီးဗထူး ဇာတိ လေးသွန်းခံရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

July 10, 2026

လောင်းလုံးမြို့နယ်ရှိ ဗိုလ်မှူးကြီးဗထူး ဇာတိဖြစ်သည့် လေးသွန်းခံကျေးရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။ ‌လေးသွန်းခံကျေးရွာ စာသင်ကျောင်းနံဘေးမှ ညင်းမော်ကျေးရွာဘက်သို့သွားသော လမ်းသွယ်ထဲရှိ အရပ်သား နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဘယ်သူ့အိမ်တွေမှန်းတော့ မသိသေးဘူးပေါ့နော်။ အိမ်သုံးဆောင်ကို ရှို့သွားတယ်ဆိုတာပဲ လောလောဆယ် သိထားသေးတယ်“ ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်သည် ထွက်ပြေးသွားသည့် ၎င်းတို့တပ်ဖွဲ့ဝင် သုံးဦးအား စစ်ကြောင်းထိုး လိုက်လံရှာဖွေစဉ် ဇူလိုင်လ ၈ ရက်က လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြား လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထွက်ပြေးသွားသည့် စစ်အာဏာရှင်တပ်သား သုံးဦးအနက်တစ်ဦးသည် ပေါင်တွင် သေနတ်ဒဏ်ရာရပြီးနောက် စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ထဲသို့ သယ်ဆောင်သွားစဉ် သေဆုံးခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်တို့ထံမှ သိရသည်။ […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် ဒေသခံများကို ဖမ်းဆီးငွေညှစ်

Dawei Watch

July 10, 2026

သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့တို့က ဒေသခံများကို ဖမ်းဆီးကာ ငွေညှစ်ကြောင်း ဒေသခံများက ပြောသည်။ မြိတ်-ထားဝယ် ကားလမ်းရှိ ပန်းတောနှင့် ဝင်းဝစခန်း စစ်ဆေးဂိတ်တို့တွင် ခရီးသွားလူငယ်အမျိုးသားများကို တင်းကျပ်စွာ စစ်ဆေးမေးမြန်းလေ့ရှိသလို ဖမ်းဆီးကာ စစ်မှုထမ်းစုဆောင်းခြင်းလည်းရှိကြောင်း ဒေသခံများက ဆိုသည်။ ယင်းအပြင် သရက်ချောင်းမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည်လည်း လူငယ်အမျိုးသားအချို့ကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး မိဘများအား ငွေဖြင့် ပြန်လည်ထုတ်ယူခိုင်းကြောင်း ဒေသခံများက ပြောဆိုသည်။ ယခု ဇူလိုင်လ ဒုတိယအပတ်တွင် လိုင်းကားဖြင့် လိုက်လာသည့် ဂုံညှင်းဆိပ်ရွာက လူငယ်အမျိုးသားတစ်ဦးကို ဝင်းဝစခန်း စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့သဖြင့် မိဘများက ငွေပေးကာ ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကားပေါ်ကနေ သူ့တစ်ယောက်တည်းကိုပဲ ဆွဲချခဲ့တယ်။ နောက်တစ်နေ့မှ သူ့မိဘတွေလိုက်ထုတ်ရတယ်။ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ် ဖမ်းထားသည့် ဒေသခံများ ပြန်မလွတ်သေး

Dawei Watch

July 10, 2026

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ်က လူသားဒိုင်းသဖွယ် ဖမ်းဆီးထားသည့် ဒေသခံများ တစ်ရက် ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။ ရေဖြူမြို့နယ်ဘက်က ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်အာဏာရှင်တပ် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဇူလိုင်လ ၉ ရက်တွင် ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၇၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် ဇူလိုင်လ ၉ရက် နံနက်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန် ဒေသသို့ ဝင်ရောက်လာပြီး လမ်းတစ်လျှောက်တွေ့ရသည့် ခရီးသည်တင်ကား ခြောက်စီးက ယာဉ်မောင်းများနှင့် ခရီးသည် အမျိုးသားအချို့ကို ဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်သည်။ အဆိုပါ ယာဉ်မောင်းခြောက်ဦးနှင့် ခရီးသည်အမျိုးသားအချို့မှာ ယနေ့ ဇူလိုင်လ ၁၀ရက် မွန်းလွဲပိုင်းအထိ စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ခမောင်းချောင်းကျေးရွာတွင် စစ်ကြောင်းနှင့်အတူ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “စစ်တပ် စစ်ကြောင်းက ခမောင်းချောင်း၊ ဝက်ချောင်း […]

လောင်းလုံးတွင် တိုက်ပွဲထပ်ဖြစ်၊ တပ်သား သုံးဦးထွက်ပြေးနေ၍ စစ်အာဏာရှင်စစ်ကြောင်းက လိုက်ရှာနေ

Dawei Watch

July 10, 2026

စစ်အာဏာရှင်စစ်ကြောင်းသည် ညင်းမော်၊ ဂေါ့အင်းကြားရှိ ကြယ်တောင်မှ လေးသွန်းခံကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာစဉ် ယနေ့ (ဇူလိုင် ၁၀) မွန်းလွဲ ၁ နာရီခန့်တွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ “လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော အများကြီးပဲ ပစ်နေကြတာ” ဟု လေးသွန်းခံဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်သား သုံးဦး ထွက်ပြေးသွား၍ စစ်အာဏာရှင်တပ်က လိုက်ရှာနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံများထံမှသိရသည်။ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ရင်းမှတပ်သား သုံးဦးမှာ လောင်းလုံးမြို့နယ်တွင် တာဝန်ကျနေစဉ် ထွက်ပြေးသွားသဖြင့် စစ်အာဏာရှင်တပ်စစ်ကြောင်းက လိုက်လံရှာဖွေနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှသိရသည်။ အင်အား ဆယ်ဂဏန်းပါသည့် ယင်းစစ်ကြောင်းမှာ ဇူလိုင်လ ၈ ရက်နေ့ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး

Dawei Watch

July 9, 2026

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းသို့ စစ်အာဏာရှင်တပ်က စစ်အင်အား ၇၀၀ ခန့်ဖြင့် ယနေ့ (ဇူလိုင် ၉) စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။ ယင်းစစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီခွဲခန့်က ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှ ဒေသခံများ စီးနင်းလိုက်ပါလာသော ခရီးသည်တင်ကား ၆ စီးကို ဝက်ချောင်းကျေးရွာအနီးတွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက်အမျိုးသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ခမောင်းချောင်းကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများကဆိုသည်။ “ကားတွေကို ဝက်ချောင်းရွာနားမှာ ထားခဲ့တယ်။ ခရီးသည်အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးပြီး ကားသမားနဲ့ ခရီးသည်အမျိုးသားတွေကိုတော့ စစ်ကြောင်းထိုးရာမှာ တစ်လျှောက်လုံး ဖမ်းခေါ်သွားနေတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းစစ်ကြောင်းမှာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိနေပြီး ကျေးရွာဘောလုံးကွင်းအနီး၌ ယာယီတပ်စွဲထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]