ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် ရေထွက်ကုန်များ စျေးမြင့်တက်

Dawei Watch

July 4, 2026

ထားဝယ်စျေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်များ စျေးမြင့်တက်လျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ ရေထွက်ကုန်စျေးကွက်နှင့် ရေလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ ပင်လယ်ပြင် ရာသီဥတုအခြေအနေကြောင့် ငါးနှင့် ပုစွန် ဖမ်းဆီးရရှိမှုနည်းကာ စျေးကွက်အတွင်း အဝင်နည်း၍ စျေးမြင့်တက်နေခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးစျေး၌ ဇွန်လနှောင်းပိုင်းက ပုစွန်ချောတစ်ပိဿာ ၃၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၂၅,၀၀၀ကျပ်နှင့် ပါတူးခေါ် ငါးလုံးငါးတစ်ပိဿာ ၁၃,၀၀၀ ကျပ်သာရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ယနေ့ ဇူလိုင်လ ၄ ရက်တွင် ပုစွန်ချောကြီးတစ်ပိဿာ ၄၅,၀၀၀ကျပ်၊ ငါးကွန်းရှပ် တစ်ပိဿာ ၃၂,၀၀၀ကျပ်နှင့် ငါးလုံးငါး တစ်ပိဿာ ၁၈,၀၀၀ကျပ်အထိ စျေးမြင့်တက်လျက်ရှိကြောင်း အဆိုပါစျေးတွင် ငါးနှင့် ပုစွန် လက်လီလက္ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ္စည်း အဝင်နည်းနေတာ […]

ငွေကျပ်သိန်း ၃၀၀ တောင်းမှုဖြင့် စစ်ဆေးခံနေရမှုကို လောင်းလုံးပလဖ တာဝန်ခံဖြေရှင်း

Dawei Watch

July 4, 2026

လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတာဝန်ခံ (ယာယီ) က ပြည်သူတစ်ဦးထံမှ ငွေကျပ်သိန်းသုံးရာ တောင်းခံသည်ဟု ပြောဆိုထားသည့် အသံဖိုင်တစ်ခု ဇူလိုင်လ ၃ ရက်နေ့က ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့သည်။ ၅၈ စက္ကန့်ကြာသည့် အဆိုပါအသံဖိုင်တွင် ကျော်ဇင်ဝင်းဆိုသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပြီး လူပြန်လိုချင်ပါက ၃၀၀ (ကျပ်သိန်း ၃၀၀ ဖြစ်နိုင်) ဖြင့် လာရွေးရန် ပြောဆိုထားသည်။ လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပလဖတာဝန်ခံ ကိုရသအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးလျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ အထက်ပါအသံဖိုင် ပျံ့နှံ့လာသည့်ကိစ္စနှင့်ပတ်သက်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံအား Dawei Watch ဆက်သွယ်မေးမြန်းခဲ့ရာ အသံဖိုင်ထဲတွင် ငွေကြေးဖြင့် ပြန်လာရွေးရန် ပြောဆိုနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် […]

သရက်ချောင်းမြို့အနီး ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး မြိတ်-ထားဝယ်လမ်းယာယီပိတ်

Dawei Watch

July 4, 2026

စစ်အာဏာရှင်တပ်သည် ယနေ့ အရုဏ်တက်ချိန်တွင် သရက်ချောင်းမြို့ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဆိုသည်။

ဆိုင်ကယ်လိုင်စင်လုပ်ရာတွင် ဘေးတွဲမတပ်ဟု ကညနတွင် ခံဝန်ထိုးရ

Dawei Watch

July 4, 2026

မော်တော်ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ရာတွင် ဘေးတွဲ မတပ်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးတွင် ခံဝန်ထိုးရကြောင်း ဆိုင်ကယ်လိုင်စင်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ ယခု ဇူလိုင်လ ၁ ရက်မှစတင်ပြီး လိုင်စင်စာအုပ်တွင်လည်း ‘ဘေးတွဲတပ်ဆင် အသုံးပြုခြင်းအား ခွင့်မပြု’ ဟု စာသားအနီဖြင့် တံဆိပ်တုံးထုပေးကြောင်း ၎င်းတို့က ဆိုသည်။ “အရင်က အဲဒီလို (ဘေးတွဲ ကတ်သန့်ချက်) မရှိဘူး။ ၁ ရက်နေ့ (ဇူလိုင် ၁ရက်) က စပြီး ခံဝန်ထိုးရတယ်။ တံဆိပ်တုံး အသစ် တစ်ခု ပိုလာတယ် ” ဟု ထားဝယ်မြို့ခံ ဆိုင်ကယ်လိုင်စင် အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းကန့်သတ်ချက် မတိုင်မီကတည်းက ထားဝယ်မြို့စည်ပင်သာယာ ဧရိယာအတွင်း၌ ဘေးတွဲစီးခွင့်မပြုကြောင်း မြို့ခံများက ပြောသည်။ […]

ထားဝယ်မြို့တွင် နေအိမ်ထဲ ဓားဖြင့်ဝင်ခုတ်မှုတွင် ဒဏ်ရာရသည့်အမျိုးသမီးလည်း သေဆုံး

Dawei Watch

July 2, 2026

ထားဝယ်မြို့ပေါ်တွင် ဇွန်လ ၃၀ရက် ညက အမျိုးသားနှစ်ဦးက နေအိမ်ထဲ ဝင်ရောက်၍ ဓားဖြင့်ခုတ်သဖြင့် ဒဏ်ရာရသည့် ဇနီးမောင်နှံကို ဆေးရုံသို့ ပို့ဆောင်စဉ် ခင်ပွန်းဖြစ်သူ လမ်းတွင်သေဆုံးပြီး ဇနီးဖြစ်သူမှာလည်း ဆေးရုံတွင် ထပ်မံသေဆုံး ကြောင်း မြို့ခံများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်၊ ကမ္မဌာန်းကျောင်းအနီးရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၃၀ ရက် ည ၉နာရီဝန်းကျင်တွင် အမျိုးသား နှစ်ဦးက နေအိမ်ထဲသို့ ဝင်ရောက်ပြီး ဇနီးမောင်နှံနှစ်ဦးအား ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရသည့် ကိုထွန်းဝင်းနှင့် ဇနီးဖြစ်သူတို့ကို ထားဝယ်ဆေရုံကြီးသို့ ပို့ ဆောင်စဉ် ကိုထွန်းဝင်း သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဒဏ်ရာပြင်းထန်သည့် ဇနီးဖြစ်သူကို ထားဝယ်ဆေးရုံကြီးမှတစ်ဆင့် ထားဝယ်တပ်နယ်ရှိ အမှတ် ၅ ကုတင် […]

ထားဝယ်အရှေ့တောတွင် ကိုယ်ဝန်ဆောင် မုဒိမ်းကျင့်အသတ်ခံရမှု ကျူးလွန်ခဲ့သူကို သေဒဏ်စီရင်

Dawei Watch

July 1, 2026

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာက ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့က ဖမ်းဆီးပြီး သေဒဏ်စီရင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်သုံးလုံးရွာ ဟိန္ဒားတံတားထိပ်က လမ်းဘေးတစ်နေရာတွင် ဖုန်းပြောနေသည့် ကိုယ်ဝန်ဆောင်မိန်းကလေးကို သတ္တုမိုင်းလုပ်သားတစ်ဦးက မုဒိမ်းကျင့်ပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါအမျိုးသားကို ဇွန်လ ၂၄ ရက် ညနေ ၅ နာရီခန့်တွင် မြောင်းပြိုရွာသင်္ချိုင်းကုန်း၌ KNLA တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ စီရင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ကောင်မလေးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့နေရာအနီးမှာ သူက ရေချိုးနေတယ်။ အစပိုင်းမှာ သူမဟုတ်ဘူးဆိုပြီး ငြင်းတယ်ပေါ့နော်။ နောက်မှ စစ်ဆေးမေးမြန်းမှ ဝန်ခံလာတာလို့ပြောတယ်” ဟု […]

ထားဝယ်မြို့ပေါ်တွင် နေအိမ်ထဲ ဓားဖြင့်ဝင်ခုတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်

Dawei Watch

July 1, 2026

ထားဝယ်မြို့ပေါ်တွင် ဇွန်လ ၃၀ ရက် ညက ဇနီးမောင်နှံနှစ်ဦး ရှိနေသည့် နေအိမ်သို့ အမျိုးသားနှစ်ဦးက ဓားဖြင့် ဝင်ခုတ်သဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများက ပြောသည်။ ကြက်စားပြင်ရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းအနီး နေအိမ်တွင် ဇွန်လ ၃၀ ရက် ည ၉နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြိုခံတစ်ဦးက ဆိုသည်။ “ညနေပိုင်း ကြက်ဝိုင်းကနေ စကားများပြီး ရန်ဖြစ်လာကြတယ်လို့ကြားရတယ်။ ဘာကိစ္စနဲ့ ဖြစ်ပွားခဲ့သလဲဆိုတာတော့ မသေးစိတ်မသိရသေးဘူး” ဟု အထက်ပါမြိုခံအမျိုးသားက ပြောဆိုသည်။ ဓားဒဏ်ရာရသဖြင့် သက်လတ်ပိုင်းအရွယ် ဦးထွန်းဝင်းကို ထားဝယ် ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ခဲ့စဉ် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံများက ပြောသည်။ ဓားဖြင့်ခုတ်သူ အမျိုးသားနှစ်ဦးမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ ၂၀၂၄ […]

လောင်းလုံးမြို့အနီး စစ်ပြဲရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

July 1, 2026

လောင်းလုံးမြို့နှင့် ကပ်လျက်တည်ရှိသည့် စစ်ပြဲကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၁၁ နာရီကျော်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သည် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာဘက်သို့ တောလမ်းအတိုင်း ရောက်လာစဉ် စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်း တစ်ကျောင်းအနီးအရောက်တွင် တော်လှန်ရေးတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အပြန်အလှန်ပဲ ပစ်တာလား၊ ဘယ်လို ပစ်တာလဲတော့ မသိဘူး။ ကိုယ့်ဘေးနားမှာ လာပစ်နေသလို ရုတ်တရက် ထပစ်တာဆိုတော့ ထမင်းစားဖို့ မပြောနဲ့ ဘာတစ်ခုမှကို မယူနိုင်ဘူး။ လူကို မနည်းလွတ်အောင် ပြေးထွက်လာရတယ်“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ပစ်ခတ်မှုမှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ယင်းနောက် ပစ်ခတ်သံများ ထပ်မံမကြားရတော့ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် […]