ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဇွန်လ ၂၇ ရက်က စစ်အာဏာရှင်တပ်သားများက အမျိုးသားသုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ကံပေါက်ရွာ၊ လှည်းကုန်း ၂ ရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် လူငယ်အမျိုးသားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ (စစ်အာဏာရှင်တပ်သား) ပြောတာတော့ ဆေးရုံ (စစ်တပ်ဆေးရုံ) ရောက်မှ သေတယ်ပြောတယ်။ ပေါင်လုံးမှာ သေနတ်ဒဏ်ရာရထားတယ်။ ဒီနေ့ (ဇွန် ၃၀) အသုဘချမယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ သေဆုံးသူနှင့်အတူ ပစ်ခတ်ဖမ်းဆီးခံရသူ နှစ်ဦးသည်လည်း ကံပေါက်ရွာသားများဖြစ်ကြပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။ ပစ်ခတ်ဖမ်းဆီးသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် အတည်မပြုနိုင်ခြင်းမရှိသေးပေ။ အဆိုပါလူငယ် အမျိုးသားသုံးဦးကို […]