ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးဆယ်ဂဏန်းရှိလာ

Dawei Watch

June 18, 2026

ယခုမိုးရာသီ ဇွန်လလယ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသဖြင့် ထားဝယ်မြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရသည့် ကလေး ၁၀ ဝန်းကျင်ရှိကြောင်း မြို့ခံပရဟိတအသင်းအချို့၊ ထားဝယ်ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။ ထားဝယ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် ပြီးခဲ့သည့် မေလလယ်ဝန်းကျင်က စတင်ကာ ဖြစ်ပွားခဲ့ပြီး ယခုဇွန်လအထိ ၁၀ ဦးဝန်းကျင် ရှိနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင်မူ ယခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ နည်းကြောင်း မြို့ခံသွေးလှူရှင် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ “မနှစ်က အခုလတွေဆို ကျွန်တော်တို့ သွေးရှာပေးနေရတာ လက်တောင်မလည်တဲ့အခြေအနေ။ အခုက တစ်ယောက်စ နှစ်ယောက်စပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် မိုးရာသီအစဖြစ်သည့် မေလ တစ်လအတွင်းမှာပင် သွေးလွန်တုပ်ကွေး သံသယလူနာ ၂၀ ကျော်ရှိပြီး […]

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်မှ စစ်အာဏာရှင်တပ်သား ငါးဦးထွက်ပြေး

Dawei Watch

June 17, 2026

ထားဝယ်-မြိတ်ကားလမ်းမပေါ်ရှိ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သား ငါးဦး ထွက်ပြေးသွားကြောင်း တံတားအနီးနေထိုင်သူများထံမှ သိရသည်။ ဇွန်လ ၁၅ ရက် ည ၁၀ နာရီခန့်တွင် အဆက်အသွယ်ပြတ်၍ ပျောက်ဆုံးသွားကြောင်း ဖြစ်စဉ်အား သိရှိသည့် တံတားအနီးတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။ “တံတားအနားက သူတို့ (စစ်အာဏာရှင်တပ်သား) သိမ်းထားတဲ့ သစ်စက်လုပ်တဲ့အိမ် သုံးထပ်တိုက်မှာနေတဲ့ စစ်သားငါးယောက် ပြန်မလာတော့တာ။ နောက်ကနေ လိုက်တော့မရှာဘူး။ အဲဒီညက တံတားကနေ သေနတ်တော့ ဆက်တိုက်ဖောက်တယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သားများသည် ၂၀၂၅ ခုနှစ် မေလတွင် တံတားအနီးရှိ သစ်စက်ရှိသော သုံးထပ်တိုက်တစ်လုံးကို အဓမ္မသိမ်းယူခဲ့ကာ ယင်းတိုက်အိမ်တွင် စစ်အာဏာရှင်တပ်သားများနှင့် ပျူစောထီး (ပြည်သူ့စစ်) များ နေထိုင်ကြကြောင်း တံတားတည်ရှိသည့် […]

ဝယ်လက်မရှိသဖြင့် ထားဝယ်ဒေသထွက် နာနတ်သီး ဈေးကျ

Dawei Watch

June 16, 2026

နာနတ်သီး အလုံး ၁၀၀ ကို ကျပ်ငါးသောင်းခန့်သာ ရသဖြင့် ခြံသွားသည့် ဆိုက်ကယ်ဆီဖိုးပင် ပြန်မရသည့်အတွက် အချို့ခြံရှင်များမှာ မခူးဘဲပစ်ထားလိုက်ကြဟုဆိုသည်။

ထားဝယ်မြို့လယ်ရှိ ရှေးဟောင်း အထက(၁) ကျောင်းဆောင် မျက်နှာကြက်ပြိုကျ

Dawei Watch

June 16, 2026

နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း သစ်သားနှစ်ထပ်ကျောင်းဆောင်၏ အောက်ထပ်မျက်နှာကြက် ပြိုကျခဲ့ခြင်းဖြစ်ပြီး ကလေးနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

အခုလဝက်အတွင်း ထားဝယ်မှာ စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ ၁၀ ဦးကျော်ပြီ

Dawei Watch

June 16, 2026

စစ်အာဏာရှင်တပ်ဟာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်မှာ တစ်လနှစ်ကြိမ် အဓမ္မဖမ်းဆီးလေ့ရှိပါတယ်။

သရက်ချောင်း မင်းဒပ်နဲ့ သိမ်ကုန်းရွာကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

June 15, 2026

တစ်နာရီခွဲခန့်ကြာ ဖြစ်ပွားခဲ့ပြီး မြိတ်-ထားဝယ်ကားလမ်း ပိတ်ဆို့ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံး စစ်ပြဲရွာမှာ စစ်အာဏာရှင်တပ် ထပ်မီးရှို့

Dawei Watch

June 15, 2026

စစ်ကြောင်းဟာ စစ်ပြဲရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲနေထိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

သရက်ချောင်း မင်းဒပ်နှင့် သိမ်ကုန်းရွာကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

June 15, 2026

နှစ်ဖက်ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာကွက်သစ် သစ်တိုကုန်းတွင် နေထိုင်နေသည့် ဒေသခံများနှင့် ဝဲရစ်၊ သိမ်ကုန်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။