ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး စစ်ပြဲရွာတွင် စစ်အာဏာရှင်တပ် ထပ်မံမီးရှို့

Dawei Watch

June 15, 2026

လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်ရောက်တပ်စွဲနေထိုင်သော စစ်အာဏာရှင်တပ်သည် စစ်ပြဲအရှေ့ပိုင်း စာသင်ကျောင်းအနီးရှိ နေအိမ်တစ်ဆောင်အား ထပ်မံမီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ ဇွန်လ ၁၄ရက်က စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စစ်ပြဲကျေးရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် ညနေ ၆ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ပျဉ်ထောင်အိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “မနက် ၄နာရီလောက်စပြီး ပစ်နေကြတာ ညနေပိုင်းအထိပဲ။ (ညနေ) ၆ နာရီလောက်မှာ ပစ်သံတွေ စဲသွားပြီးတာနဲ့ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတာ စပြီးမြင်ရတယ်” ဟု တိမ်းရှောင်နေရသည့် စစ်ပြဲဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ် ဝင်ရောက်နေထိုင်နေသည့် ဘုန်းကြီးကျောင်းလည်း ကြီးကြီးမားမား ပျက်စီးသွားပြီး အရပ်သားနေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံများက […]

ရန်ကုန်-ထားဝယ်လမ်း ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်း ဝန်းကျင်ပေးရ

Dawei Watch

June 15, 2026

ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ်ဆန်းတွင် စစ်ဆေးရေးဂိတ်များတိုးလာသလို ငွေကြေးလည်း ပိုတောင်းလာသဖြင့် ခရီးစဥ်တစ်ခေါက်အတွက် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်း ဝန်းကျင် ပေးဆောင်နေရကြောင်း ခရီးသည်များနှင့် ကားသမားများက ပြောသည်။ အဆိုပါလမ်းပိုင်း၌ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ဆေးသည့်နေရာ ၄၀ ခန့်ရှိပြီး နေရာအပေါ်မူတည်၍ ကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပေးရသလို မပေးရသည့်နေရာများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ “ခရီးသည်တစ်ဦး သုံးထောင်ကနေ ငါးထောင် (ကျပ်) အကြား ပုံမှန်တောင်းတယ်။ အရင်က တစ်ထောင်၊ နှစ်ထောင် တောင်း ရာကနေ အခုနှစ်အစမှာ စျေးတက်လာတာ။ တချို့နေရာတွေကျ တောင်းနေရာကနေ အဖွဲ့စုံ(ဌာနဆိုင်ရာအစုံ) ဂိတ်ဖြစ်သွား တော့ မပေးရတော့ဘူး။ အစက မလွှဲတောင်ဆို ပေးရတယ်။ အခုမပေးရဘူး” ဟု လေးယောက်စီး ခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောဆိုသည်။ […]

တနင်္သာရီတိုင်းရှိ အကျဥ်းထောင်များတွင် နိုင်ကျဥ်းခြောက်ဦးသေဆုံး

Dawei Watch

June 15, 2026

အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းအတွင်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသား ခြောက်ဦး သေဆုံးကြောင်း နိုင်ငံရေးအကျဥ်းသားများအရေးဆောင်ရွက်နေသူများက ပြောသည်။ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် ကော့သောင်းအကျဉ်းထောင်တွင် တစ်ဦး သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်ထောင်တွင် ကိုအောင်ကိုဦး၊ ဦးရဲအောင် (ခေါ်) ဦးချင်း၊ ကိုကျော်သိန်း၊ ကိုမင်းသူနှင့် ကိုဝင်းသီဟတို့သည် အကျဥ်းချခံထားရစဥ် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း၌ သေဆုံးခဲ့ကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက် (DPPN) ၏ မှတ်တမ်းများအရသိရသည်။ ၎င်းတို့အနက် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့နှစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့ဝင်များ ထောင်ပြင်ပသို့ ခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရသည်။ “(အကျဥ်းသားကို ထောင်ပြင်ပခေါ်ထုတ်) အသတ်ခံရတဲ့ကိစ္စကတော့ တော်တော်ခံပြင်းပါတယ်။ တရားရုံးက သေမိန့် ပေးတာလည်း မဟုတ်ဘဲနဲ့ […]

လောင်းလုံးမြို့အနီး စစ်ပြဲရွာတွင် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်

Dawei Watch

June 14, 2026

လောင်းလုံးမြို့အနီးရှိ စစ်ပြဲကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၅ နာရီ ခန့်မှစ၍ ညနေပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ စစ်ပြဲကျေးရွာသို့ ဇွန်လ ၁၃ ရက် နံနက် ပိုင်းတွင် ပြန်လည်ရောက်ရှိလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ် တို့က ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာမှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အခု ညနေ ၃နာရီလောက်အထိ ပစ်သံကြားနေတုန်း။ လက်နက်ကြီးတွေလည်း အနီးအနား လာပေါက်နေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲ ဖြစ်ပွားနေစဉ် ယနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ထားဝယ်မြို့ပေါ်ရှိ အမြောက်တပ်ကလည်း ပစ်ကူပေးလျက်ရှိ ကြောင်း […]

ရေဖြူ၊ နဘုလယ်ဒေသကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး

Dawei Watch

June 13, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသအား စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၇၀ ကျော်ရှိသည့် စစ်အာဏာရှင်တပ်သည် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကစပြီး နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှတစ်ဆင့် လဲရှောင်စသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ကြောင်း နဘုလယ်ဒေသခံအချို့က ပြောသည်။ ယင်းသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေစဉ် လမ်းတစ်လျှောက် တွေ့ရှိရသည့် ဒေသခံအမျိုးသား၊ အမျိုးသမီး နှစ်ဆယ်ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “လဲရှောင်ရွာကို စစ်ကြောင်းရောက်တာနဲ့ ဖမ်းထားသူတွေ အားလုံး ပြန်လွှတ်လိုက်တယ်၊ ပစ်တာခတ်တာတော့ မရှိဘူး” ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။ ထိုစစ်ကြောင်းတွင် ပါဝင်သည့် စစ်အာဏာရှင်တပ်သားများက လောင်စာဆီပုံးများ သယ်ဆောင်လာသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာ သူတို့က ပြောခဲ့တယ်။ […]

လောင်းလုံးတောင်ပိုင်းသို့ စစ်အာဏာရှင်တပ်အင်အား တစ်ရာကျော် ထပ်တိုး

Dawei Watch

June 12, 2026

လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ စစ်အာဏာရှင်တပ်အင်အား တစ်ရာကျော် ယနေ့ထပ်တိုးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။ အင်အား ၁၂၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက် နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် တောင်ပိုင်းသို့ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ထိုစစ်ကြောင်းသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာသို့ ရောက်ရှိနေပြီး လူနေအိမ်များတွင် တပ်စွဲထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြာရေးတာဝန်ရှိသူက ပြောသည်။ “အခု ဆိပ်ပင်အင်းရွာထဲမှာ။ စစ်ကြောင်းနဲ့ တွေ့လို့ ထွက်ပြေးတဲ့နှစ်ဦး ပစ်ခံထိပြီး တစ်ဦးထိထားတယ်လို့တော့ သိရတယ်” ဟု ၎င်းက ဆိုသည်။ စစ်အာဏာရှင်တပ်က အရပ်သားကို ပစ်ခတ်သည့်ကိစ္စနှင့် ပတ်သက်၍ Dawei […]

လောင်းလုံးရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်က တပ်စွဲထားပြီး နေအိမ်များရိုက်ဖျက်၍ ပစ္စည်းများယူ

Dawei Watch

June 12, 2026

စစ်ပြဲကျေးရွာနှင့် ညင်းမော်ကျေးရွာကို ကူးချီသန်းချီဖြင့် တစ်လှည့်စီနေထိုင်ခြင်းဖြစ်ပြီး ထိုသို့နေထိုင်စဉ်အတွင်း ရွာထဲရှိ နေအိမ်များနှင့် ကုန်စုံဆိုင်များကို ရိုက်ဖျက်ပြီး အစားအသောက်၊ အဝတ်အထည်များကို ရယူသုံးစွဲကာ နေထိုင်ခြင်းဖြစ်ကြောင်းဆိုသည်။

ရေဖြူ နဘုလယ်ဒေသခံအချို့ စစ်ကြောင်းဝင်သည့် ကောလာဟလကြောင့် ညတွင်းချင်း တိမ်းရှောင်

Dawei Watch

June 11, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသရှိ လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ညသန်းခေါင်က စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်လာသည်ဟု သတင်းထွက်သောကြောင့် ဒေသခံအချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဒေသခံအချို့က ပြောသည်။ လဲရှောင်ကျေးရွာတွင် ဇွန်လ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်တွင် အိမ်မောကျနေချိန် စစ်ကြောင်းဝင်ရောက်လာနေသည်ဟု သတင်းစကားကို ရွာသားတစ်ဦးမှ တစ်ဦးသို့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားရာမှတစ်ဆင့် အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံ အမျိုးသားအချို့မှာ ညတွင်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမျိုးသမီးအချို့မှာ အဝတ်အစားများ အဆင်သင့် ပြင်၍ အခြေအနေစောင့်ကြည့်ကာ နေအိမ်တွင် နေခဲ့ရကြောင့် လဲရှောင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “စစ်ကြောင်းက ဘုန်းကြီးကျောင်း ရောက်နေတယ်ဆိုပြီး (ပြောကြတယ်)။ တစ်ညလုံးလည်း မအိပ်ရဘူး။ ဖုန်းတွေပဲ […]