လောင်းလုံးတွင် တော်လှန်ရေးရဲဘော်အချို့ ကျောင်းကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်
Dawei Watch
June 8, 2026လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးရဲဘော်အချို့ ယနေ့ ဇွန်လ ၈ရက် နံနက်ပိုင်းက ကျောင်းပို့သည့် ကားများကို စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံခရီးသွားများနှင့် တော်လှန်ရေးအင်အားစု များက ပြောသည်။ လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့ပေါ် ရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသူ ကျောင်းသား များကို တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တော်လှန်ရေးရဲဘော်အချို့ က လောင်းလုံး-ထားဝယ် လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးကြောင်း ဒေသခံများနှင့် ကျောင်းသားမိဘများက ဆိုသည်။ ယင်းသို့ စစ်ဆေးနေချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “တော်လှန်ရေးဘော်တချို့ စစ်ဆေးနေချိန်မှာ လက်နက်ကြီးတစ်လုံး လာကျတယ်လို့တော့ မနက်က ကြားရတယ်။ ဒီနေ့ စစ်ဆေးရာမှာတော့ ပကဖ ရဲဘော်တွေ မပါဘူး” ဟု […]


