လောင်းလုံးရှိ ကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်ပြေးနေရ
Dawei Watch
May 28, 2026စစ်အာဏာရှင်တပ်က လောင်းလုံးမြို့အောက်ဘက် ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် ဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအုပ်စုငါးအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ လတ်တလောတွင် ညင်းမော်ကျေးရွာ၊ စစ်ပြဲကျေးရွာ၊ ဂေါ့အင်းကျေးရွာ၊ အောက်ရေဖြူကျေးရွာ၊ ကဒက်ကြီးကျေးရွာ စသည့် ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်အာဏာရှင်တပ်သည် မေလ ၂၀ ရက်တွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စတင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး အင်းဇောက်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းနောက် မေလ ၂၂ ရက်နေ့တွင် ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ပြဲကျေးရွာတွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းနေ့ နံနက်အာရုဏ်တက်ချိန် ၄ နာရီခန့်တွင် ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် အငိုက်မိပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းမှာ […]


