လောင်းလုံး ထိန်တွင်းရွာတွင် ကျောင်းသားတစ်ဦးရေနစ်သေဆုံး
Dawei Watch
May 20, 2026လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် မေလ ၁၉ ရက် ညနေပိုင်းက ကျောင်းသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ ထိန်တွင်းကျေးရွာအနီး လယ်ကွက်တွင် ဘက်ဟိုးဖြင့် မြေသားဘောင်ပြုလုပ်ရာမှ တွင်းအဖြစ်ကျန်ခဲ့သည့် မြေကျင်း အတွင်း ကလေးငယ်လေးဦး မေလ ၁၉ ရက် ညနေ ၄နာရီခွဲခန့်တွင် ရေဆင်းကူးကြကြောင်း ဒေသခံများက ပြောသည်။ ယင်းအနက် ကလေးတစ်ဦး ရေနစ်နေကြောင်း အခြားကလေးတစ်ဦးက လာရောက်အကြောင်းကြားသဖြင့် ရွာသားများ လိုက်လံရှာဖွေရာ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။ ရေနစ်သည့် ကလေးငယ်ကို ထားဝယ်မြို့ရှိ မက်ဒီလမ်းဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ရေနစ်သေဆုံးသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းရှိုင်းဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ […]


