ဝေဒီရွာတွင် စစ်အာဏာရှင်တပ် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းခေါ်
Dawei Watch
May 7, 2026လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အားတစ်ရာဝန်းကျင်ခန့်ရှိသည် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၆ရက် နံနက် အစောပိုင်းကစပြီး ဝေဒီကျေးရွာသို့ သေနတ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ယင်းနောက် ဝေဒီကျေးရွာရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော မော်တော်ကားတစ်စီးနှင့် အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ “အလောင်းကို ဒီမနက်ပဲ မီးရှို့ခဲ့တာ။ (အသတ်ခံရသူက) ရွာသားတော့ မဟုတ်ဘူး။ (စစ်အာဏာရှင်တပ်ဆီကနေ) ထွက်ပြေးသွားတဲ့ သူကို သူတို့ ပြန်ဖမ်းမိပြီး ပစ်သတ်ခဲ့တာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။ […]


